ကဇွန်းရွက်မှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ သန္ဓေသားကျန်းမာရေးအတွက် အထူးအကျိုးကျေးဇူးတွေ များတဲ့အသီးဖြစ်ပါတယ်။ ကန်းဇွန်းရွက်ကြော်ကြိုက်တဲ့ မိခင်းလောင်းတွေအတွက် အတော်ပဲပေါ့နော်။

pregnant-woman-in-white-drinking-from-glass-of-water

ကန်ဇွန်းရွက်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဟာရဓါတ်တွေအများအပြားပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ ပုံမှန်စားပေးနိုင်ပါတယ်။

ညညအိပ်မပျော်တာတွေကို ကုသပေးနိုင်တဲ့ သွပ်ဓါတ်နဲ့ Selenium ဓါတ်တွေတွေ့ရပါတယ်။ အဲဒီအဟာရဓါတ်နှစ်မျိုးလုံးက ကောင်းမွန်စွာ အိပ်မောကျစေပါတယ်။

သန္ဓေသားကို နေရာမှန်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါတစ်မျိုး ဖြစ်ပွားခြင်းကနေ ကာကွယ်ကုသပေးနိုင်ပါတယ်။ နို့တိုက်မိခင်တွေအတွက်လည်း နို့ထွက်ကောင်းစေပါတယ်။

ဝမ်းချုပ်တာကို ကာကွယ်ပေးတဲ့အပြင် အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်တဲ့ အမျှင်ဓါတ်တွေ လည်း ကန်ဇွန်းရွက်မှာ အများအပြားပါဝင်ပါတယ်။

ဗီတာမင် A ပါဝင်မှုများလို့ မျက်လုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

ကန်းဇွန်းရွက်ရဲ့ ဆေးအစွမ်း

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သန္ဓေသားတွေအတွက်ကောင်းမွန်သလို ဆေးဖြစ်ဝါးဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ ကန်ဇွန်းရွက်ကို ကြိတ်ပြီး ရေနဲ့ဖျော်သောက်ပေးမယ်ဆိုရင် ဖျားနာတာကိုသက်သာပျောက်ကင်းစေပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ဒါ့အပြင် အသည်းရောဂါနဲ့ အဆိပ်အတောက်တွေကိုလည်း ဖြေရှင်းပေးပါတယ်။