အစာအိမ်က ခန္ဓာကိုယ်ထဲမှာ အမှားမခံတဲ့ အစိတ်အပိုင်းတစ်ခုဘဲဖြစ်ပါတယ်။ အစာတစ်ခုခု မှားသွားရင် လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေပါတယ်။

4-prune-juice

ဇီးသီးနဲ့ ပန်းသီး ဖျော်ရည်

ကောင်းမွန်တဲ့ အစာခြေစနစ်တွေအတွက် အမျှင်ဓာတ်က အရမ်းအရေးကြီးပါတယ်။ ဇီးသီးနဲ့ ပန်းသီး ဖျော်ရည်က ဝမ်းချုပ်ခြင်း၊ လေပွခြင်းနဲ့ အစာအိမ် လေထိုးတာကြောင့် အောင့်တာတွေကို သက်သာစေပါတယ်။

plum

ပါဝင်ပစ္စည်းများ

  • ဇီးသီး ၅ လုံး (အမည်းရောင် သို့ နီညိုရောင် ဇီးသီး)
  • ပန်းသီး အခွံနဲ့ တစ်ခြမ်း

apple.png

  • ရေ တစ်ခွက် (250ml)
  • ပျားရည်

ပြုလုပ်နည်း

  • ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲကို ထည့်ပြီး ကြေအောင်မွှေလိုက်ပါ။ ဖျော်ပြီးတာနဲ့ ချက်ခြင်းသောက်ပါ။
  • အစာမစားခင် မိနစ် ၄၀ အလိုမှာ သောက်ရင် အာနိသင်ပိုကောင်းပါတယ်။

3-pineapple-juice

နာနတ်သီး၊ Grapefruit နဲ့ Green Tea ဖျော်ရည်

အူထဲမှာ စွန့်ပစ်ပစ္စည်းတွေ ရှိနေရင် အစာခြေရတာ ပိုခက်လာပါလိမ့်မယ်။ ဒါကြောင့် အစာအိမ်မှာလေပွ၊ လေထိုးတာနဲ့ သက်တောင့်သက်သာ မရှိတာတွေ ဖြစ်လာပါလိမ့်မယ်။

grapefruit

ပါဝင်ပစ္စည်းများ

  • ချေထားတဲ့ နာနတ်သီး ၁၁၆ ဂရမ်၊ ခွက်တစ်ခွက်ရဲ့ ၃ ပုံ ၄ ပုံ
  • သံပုရာသီး ၁ လုံး
  • Grapefruit ၁ လုံး
  • Green Tea တစ်ခွက် (250 ml)
  • ပျားရည်

greentea3-300x199

ပြုလုပ်နည်း

နာနတ်သီး၊ Green Tea၊ ပျားရည်တို့ကို ဖျော်စက်ထဲထည့်ပြီး Grapefruit တို့ကိုလည်း ဖျော်စက်ထဲကိုညှစ်ထည့်လိုက်ပါ။

စက္ကန့် အနည်းငယ်လောက် ညက်အောင် မွှေလိုက်ပါ။ ရလာတဲ့ ဖျော်ရည်ကို သံပုရာသီးညှစ်ကာ ၂၁ ရက် သောက်ပေးပါ။