ငှက်ပျောသီးမှာ အဟာရဓာတ်ပေါကြွယ်ဝလွန်းလို့ ခံတွင်းလည်းမြိန် ကျန်းလည်းမာစေဖို့ စားသုံးကြပါတယ်။ ငှက်ပျောသီးမှာ နှလုံးကျန်းမာစေခြင်း၊ ပင်ပန်းနွယ်နယ်မှုကို သက်သာစေခြင်း၊ သွေးပေါင်ထိန်းပေးခြင်၊ စိတ်ဓာတ်ကျဆင်းမှုကိုသက်သာစေခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်းနှင့် အပူကန်နာဖြစ်ခြင်းတို့ကို သက်သာစေခြင်း စတဲ့အာနိသင်တွေပါဝင်ပါတယ်။

banana_500x300_81455523540

ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အလုံအလောက် ပါဝင်ပါတယ်။  အားအင်တွေဖြည့်ပေးတာကြောင့် နေ့စဉ်နေ့တိုင်းစားသုံးပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ငှက်ပျောသီးကို ထမင်းစားပြီးမှ စားကြတာများပေမယ့် တခါတလေ မနက်စာလုပ်ရမှာရှုပ်လို့ မနက်စာအနေနဲ့စားသုံးကြတာမျိုးရှိမှာပါ။ တကယ်တော့ ငှက်ပျောသီးကို ဗိုက်ထဲအစာမရှိချိန်စားတာက မသင့်တော်ပါဘူး။ အကြောင်းအရင်းတွေကတော့

  • ငှက်ပျောသီးမှာ ပါဝင်တဲ့သဘာဝအချိုဓာတ်က အားအင်ဖြည့်ပေးသော်ငြား နာရီအနည်းငယ်ကြာရင်တော့ အားအင်ကုန်ခမ်းသွားစေပါတယ်။
  • ငှက်ပျောသီးက စားပြီးချက်ချင်းဗိုက်ပြည့်စေပြီး လေးလံလာကာ အိပ်ငိုက်စေပါတယ်။
  • ငှက်ပျောသီးမှာ အက်စစ်သဘာဝရှိတဲ့အသီးမို့ အစာမရှိပဲစားတဲ့အခါ အူမကြီးနဲ့ပတ်သတ်တဲ့ပြသနာတွေဖြစ်လာနိုင်စေပါတယ်။

ငှက်ပျောသီးမှ မဟုတ်ပါဘူး။ သစ်သီးဝလံတွေကို အစာမရှိပဲ မနက်စာအဖြစ်စားခြင်းမှရှောင်ရှားသင့်ပါတယ်။ ယနေ့ခေတ်မှာ သဘာဝသစ်သီးတွေက ရှားပါးပြီး ဓာတုဆေးတွေအသုံးပြုထားတဲ့ သစ်သီးတွေများနေပြီမို့ မနက်စာအဖြစ်စားဖို့ ပိုလို့တောင်မသင့်တော်တော့ပါဘူး။

ဒါနဲ့ပဲ ငှက်ပျောသီးကိုမနက်ပိုင်းမစားသင့်ဘူးလို့ မဆိုလိုပါဘူး။  ဗိုက်ထဲအစာမရှိချိန် သူ့ချည်းမစားဖို့သာအဓိကပါ။ မနက်စာတစ်ခုခုစားပြီး ငှက်ပျောသီးကိုဖျော်သောက်တာဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် စားပေးလို့ရပါတယ်။ အစားအသောက်ဂရုစိုက်ခြင်းက ကျန်းမာခြင်းရဲ့မဏ္ဍိုင်မို့လို့ ဂရုတစိုက်စားသုံးရင်း ကျန်းမာတဲ့ဘဝပိုင်ဆိုင်ကြပါစေ။

apple-banana-smoothie-720