အခုလက်တလောမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ရတဲ့အရာတွေက တဖြည်းဖြည်းနဲ့များလို့လာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ မိန်းကလေးတွေကိုခြောက်လှန့်နေတဲ့ ရောဂါဆိုးကြီးတွေကတော့ ရင်သားကင်ဆာနဲ့၊ သားအိမ်ခေါင်းကင်ဆာတွေပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ Bra ကိုညဘက်မှာလည်း ဝတ်ပြီးတော့အိပ်ရင် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာမလားဆိုပြီး စဉ်းစားစရာတွေဖြစ်လာပြန်ပါတယ်။

Bra ကိုညဘက်မှာ ချွတ်ပြီးတော့အိပ်သင့်တဲ့အကြောင်းတွေကို ရှင်းပြပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Bra ဆိုတာမျိုးက လျော့လျော့လေး ဝတ်ရတာမျိုးမဟုတ်ပဲ တင်းတင်းကျပ်ကျပ်ဝတ်ရတာမျိုးဖြစ်တဲ့အတွက်ကြောင့် ညဘက်အိပ်တဲ့အခါမှာ သင့်ကိုပိုပြီးတော့ ကျပ်ကျပ်သိပ်သိပ် ဖြစ်နေစေမှာပါ။ နောက်တစ်ခုကတော့ Bra တွေကိုလည်း ပျက်စီးစေနိုင်တဲ့အချက်ပါပဲ။ အားလုံးသိတဲ့အတိုင်းပဲ အိပ်ပျော်သွားတဲ့အချိန်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့ဆိုတော့ ကြာလာတဲ့အခါမှာ Bra ပုံစံတွေကိုလည်း ပျက်စီးလာစေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ Bra တွေကတင်းကျပ်ပြီးတော့ အိပ်တဲ့အခါမှာ သွေးလှည့်ပတ်မှုကို အခက်အခဲတွေလည်း ဖြစ်စေနိုင်ပါတယ်။ Bra ချွတ်ပြီးအိပ်တဲ့အခါမှာ ရလာနိုင်တဲ့ကောင်းကျိုးတွေကတော့ သက်တောင့်သက်သာရှိပြီး လွတ်လပ်သလိုဖြစ်သွားတာကြောင့် ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ချုပ်တည်းထားတာမျိုးတွေမရှိတာကြောင့် စိတ်ကိုလည်းပေါ့ပါးလန်းဆန်းသွားစေပြီး နေရတာ သက်တောင့်သက်သာ ဖြစ်လာစေပါတယ်။

တကယ်တော့ ညဘက်ဆိုတာ Bra ဝတ်ပြီးအိပ်လည်း ဘာမှအထွေအထူးမရှိတာကြောင့် မဝတ်ပဲအိပ်တာက ပိုပြီးတော့သင့်တော်ပါတယ်။ အစပိုင်းမှာတော့ နေရာတာတစ်မျိုးဖြစ်နေစေလောက်ပေမယ့် နောက်ပိုင်းမှာတော့အသားကျသွားမှာပါ။