လူများက ကြက်သားကို ကြော်တာပဲဖြစ်ဖြစ်၊ ကင်တာပဲဖြစ်ဖြစ်၊ ဖုတ်တာပဲဖြစ်ဖြစ် ပုံစံအမျိုးမျိုးနဲ့ နှစ်ခြိုက်စွာစားသုံးနေကြပါတယ်။ လူတိုင်းမြိန်ရှက်စွာ သုံးဆောင်နေတဲ့ ကြက်သားက အရသာအလွန်ရှိရုံသာမက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ကြက်သားစားရင်းနဲ့ ရရှိနိုင်လဲသိရအောင် ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပရိုတင်းအထူးကြွယ်ဝခြင်း

ဆဲလ်များ၊ အရိုးများကဲ့သို့ ခန္ဓာကိုယ်အတွင်းက တည်ဆောက်မှုတွေကို ထောက်ပံ့ရာတွင် အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်တဲ့ ပရိုတင်းများကို ကြက်သားမှပေးစွမ်းနိုင်ပါတယ်။

၂။ စိတ်ခံစားမှုကို မြှင့်တင်ပေးခြင်း

သင့်ကို စိတ်သက်သာမှုရရှိစေနိုင်တဲ့ အမီနိုအက်စစ်တစ်မျိုးပါဝင်တဲ့ ကြက်သားကိုစားပေးခြင်းက ဦးနှောက်အတွင်းက Serotonin ပမာဏကို မြှင့်တင်ပေးပြီး စိတ်ခံစားချက်ကို တိုးမြင့်စေပါတယ်။

၃။ ရောဂါများကိုတိုက်ထုတ်ပေးတဲ့ ဒြပ်ပေါင်းများပါဝင်ခြင်း

နှလုံးသွေးကြောကျဉ်းရောဂါများ၊ အာရုံကြောပြဿနာများကို လျော့ကျစေနိုင်သော Selenium ခေါ် Antioxidant တစ်မျိုးလည်းပါဝင်ပါသေးတယ်။

၄။ ကိုလက်စထရောပမာဏကို ထိန်းသိမ်းပေးခြင်း

Niacin လို့ လူသိများတဲ့ ဗီတာမင် ဘီသရီးက ကာဗိုဟိုက်ဒရိတ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲပစ်ပြီး ခန္ဓာကိုယ်အတွင်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆဲလ်တွေကို ထိန်းသိမ်းပေးပါတယ်။ ကိုလက်စထရောပမာဏကို လျော့ချပေးလို့ နှလုံးရောဂါပြဿနာများဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။