အာတာလွတ်ဥမှာ ဗီတာမင် B အုပ်စုပါဝင်ပြီး သံဓါတ် မဂ္ဂနီဆီယမ် ဖော့စဖောလ်ရက်စ်စတာတွေအပြင် တခြား သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အခုလို ဗီတာမင် B အုပ်စုကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။


Source; SpecialtyProduce

အစာအိမ်ကင်ဆာကာကွယ်ပေးတယ်

အာတာလွတ်ဥမှာ Gluten ဓါတ်မပါဝင်လို့ အစာအိမ်နာတာ အစာအိမ်နဲ့ အူလမ်းကြောင်းမအီမသာဖြစ်တာ တွေကို ကာကွယ်ပေးနိုင်ပါတယ်။

အရိုးကိုသန်မာစေခြင်း

ပရိုတင်းဓါတ်နဲ့ သံဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကိုသန်မာစေပါတယ်။

အစာချေစနစ်

digestion

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တာ ဝမ်းလျှောတာတွေကို ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓါတ်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြောင့် ကိုလက်စထရောများတာတွေကို မဖြစ်စေပါဘူး။

သွေးလည်ပတ်မှုကိုကောင်းမွန်စေတယ်

ကြေးနီဓါတ်နဲ့ သံဓါတ်ပါဝင်လို့ သွေးနီဆဲလ်တွေကို တိုးပွားစေပြီး ပင်းပန်းနွမ်းနယ်ခြင်း အားနည်းခြင်းတွေကနေကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေလို့ ခန္တာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

နှလုံးကျန်းမာရေး

heart-girl-cardio-680

ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီးတော့ နှလုံးနဲ့ပတ်သတ်တဲ့ ပြဿနာတွေဖြစ်ပွားခြင်းကနေကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ဓါတ်ကြောင့် သွေးဖိအားကျစေပြီး လေဖြတ်တာ နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာစေခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာစေပြီး ရင်သွေးလေးကိုလည်း ကျန်းမာစေပါတယ်။ ဖောလိတ်အက်ဆစ်ပါဝင်လို့လည်း ရင်သွေးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားစေနိုင်မှာပါ။