လူတစ်ယောက်အသက်ရှင်ဖို့အတွက် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲမှာ နှလုံးရဲ့အခန်းကဏ္ဍက အရေးကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ နှလုံးကျန်းမာရေးနဲ့ပတ်သတ်ပြီး အမြဲသတိပြုဆင်ခြင်ဖို့လိုအပ်ပါတယ်။ နှလုံးကျန်းမာဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံတွေကိုသတိထားဖို့လိုသလို နှလုံးကိုအထောက်အကူဖြစ်စေမယ့် အစားအစာလေးတွေကိုလည်း စားသုံးပေးသင့်ပါတယ်။

(၁) ငါး

Source : outsmartyourdiabetes.com

Omega-3 Fatty Acids ကြွယ်ဝစွာပါဝင်တဲ့ ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် မဖြစ်မနေစားသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ဆော်လမွန်ငါး တူနာငါး မက်ကရယ်ငါးနဲ့ ဆာဒင်းငါးတွေလို ပင်လယ်ငါးတွေမှာ Omega-3 Fatty Acids ကြွယ်ဝစွာပါဝင်တာကြောင့် တစ်ပတ်ကိုတစ်ကြိမ်ခန့် ငါးစားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးပြီး နှလုံးကျန်းမာရေးကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) အခွံမာသီးများ

Source : Daily Mail

နှလုံးကျန်းမာရေးအတွက် မဖြစ်မနေစားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ အခွံမာသီးတွေဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဗာဒံစေ သစ်ကြားစေ့တို့လိုအခွံမာသီးအနွယ်ဝင် အသီးတွေမှာ သွေးတွင်းကိုယ်လက်စထရောကျစေပြီး နှလုံးအားကောင်းစေဖို့ အထောက်အပံပေးမှာဖြစ်ပါတယ်။

(၃) ဘယ်ရီသီး

Source : Healthline

ဘယ်ရီးသီးတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ချပေးတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်ပါတယ်။ဘယ်ရီးသီးတွေဟာ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကိုအားကောင်းစေပြီး အမျှင်ဓာတ် ဗီတာမင်ဓာတ်တို့ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဘလူးဘယ်ရီ စတော်ဘယ်ရီနဲ့ ဘလက်ဘယ်ရီ စတဲ့ဘယ်ရီးသီးအမျိုးအစားတွေကို ဒိန်ချဉ် သို့မဟုတ် Cereal တို့နဲ့တွဲဖက်စားသုံးနိုင်ပါတယ်။

(၄) ဝိုင်နီ

Source : Medical News Today

ဝိုင်နီတစ်ခွက်နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းဖြင့် သွေးတွင်းမှ ကောင်းမွန်တဲ့ ကိုလက်စထရော (HDL) ပမာဏကို မြင့်တက်စေပြီး နှလုံးသွေးကြောများမှ မလိုလားအပ်တဲ့ အဆီများစုဝေးမှုကို လျှော့ချပေးနိုင်ပါတယ်။ဒါ့အပြင် ဝိုင်နီဟာ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးပြီး နှလုံးကျန်းမာရေးကို ထူးခြားကောင်းမွန်စေတာကြောင့် တစ်နေ့ကိုဝိုင်နီတစ်ခွက်ခန့် သောက်သုံးပေးသင့်ပါတယ်။

(၅) အနက်ရောင်ချောကလက်

Source : INDVSTRVS

အနက်ရောင်ချောကလက်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ချောကလက် မှာပါဝင်တဲ့ ကိုကိုးအမှုန့် ပမာဏများလေ နှလုံးကျန်းမာရေးအတွက်ပိုကောင်းလေပါပဲ။ဘာကြောင့်လဲဆိုရင် ကိုကိုးအမှုန့်မှာ အမျှင်ဓာတ် ပရိုတင်းဓာတ်ပမာဏများ မြင့်မားစွာ ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတာကြောင့် နှလုံးသွေး ကြောကျဉ်းခြင်း နှလုံးအဆီဖုံးခြင်းစတဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။

Reference Source : https://health.clevelandclinic.org/12-heart-healthy-foods-to-work-into-your-diet/?fbclid=IwAR39V183ro1KE5BB_SBM3LxlkegY2bL5DjalKLYIlEhHF5igT_MbFJmXCI