ကြာစွယ်စားရတာကြိုက်လားရှင့်။ ကြာစွယ်ဟာ အရသာလည်းရှိသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။ ကြာစွယ်ကို ဟော့ပေါ့၊ ချဉ်ငံစပ်တို့ ဟင်းရည်တို့ ချက်သောက်ရာမှာ ထည့်သွင်းစားသုံးလေ့ရှိသလို အမျိုးမျိုးလည်းချက်စားကြပါတယ်။ ဝါးရတာလည်း ထုတ်ထုတ်လေးနဲ့ ချိုတဲ့အရသာလေးလည်းရှိလို့ လူကြိုက်များပါတယ်။ ကြာစွယ်စားပေးရင် ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း

ကြာစွယ်ကိုစားပေးတာဟာ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ကြေးနီနဲ့ သံဓာတ်ပါဝင်လို့ သွေးနီဆဲလ်တွေ ထုတ်လုပ်မှုကို မြင့်တက်စေပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ နှလုံးကျန်းမာရေး

သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးဖိအားကိုထိန်းပေးသလို နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ နှလုံးကိုကျန်းမာစေတဲ့ အစားအစာလည်းဖြစ်ပါတယ်။

၃။ အစာချေစနစ်

20100611-lotusroot-stirfried

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ပုံမှန်စားပေးရင် အစာချေစနစ်ကို ကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဝမ်းလျှောတာမျိုးလည်းမဖြစ်စေပါဘူး။

၄။ မျက်လုံးကျန်းမာရေး

ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

၅။ ကိုယ်ခံအားစနစ်မြင့်တင်ပေးခြင်း

ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိ၊ တုတ်ကွေး၊ ဖျားနာအပါအဝင် တခြားရောဂါအမျိုးမျိုးမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၆။ ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေခြင်း

1484826609-5858

ဗီတာမင် C ဆိုတဲ့ Antioxidant ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် သင့်တော်သလို ကင်ဆာရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။