မုန်လာဥဖြူကို စားပေးရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ မုန်လာဥနီကိုတော့ လူကြိုက်များကြပေမယ့် မုန်လာဥဖြူကတော့ အနံ့မကြိုက်တဲ့သူနဲ့ အရသာမကြိုက်တာနဲ့ မုန်လာဥနီလောက်တော့ လူကြိုက်မများပါဘူး။

မုန်လာဥဖြူစားပေးရင် စာဖတ်သူတို့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတာကို မျှဝေပေးသွားပါမယ်။

၁။ အစာချေစနစ်

မုန်လာဥဖြူဟာ အစာချေစနစ်ကို ကျန်းမာစေပြီး အူလမ်းကြောင်းကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်တွေလည်းပါဝင်ပြီး ဝမ်းချုပ်တာကိုသက်သာစေပါတယ်။

၂။ အဆိပ်အတောက်ဖယ်ရှားပေးနိုင်ခြင်း

ဆီးလမ်းကြောင်းကို ကောင်းမွန်စေပြီး ကျောက်ကပ်ကို ကျန်းမာစေသလို ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃။ ကင်ဆာကာကွယ်ပေးခြင်း

အဟာရဓာတ်တွေ ကြွယ်ဝစွာပဝင်ရုံတင်မကပါဘူး အစာအိမ်ကင်ဆာအပါအဝင် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားမှုကနေ လျှော့ချပေးပါတယ်။ မုန်လာဥဖြူမှာတွေ့ရတဲ့ Nitrosamine ကွန်ပေါင်းဓာတ်ဟာ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၄။ အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်လို့ အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ အရိုးပါးခြင်း အရိုးပွခြင်းစတဲ့ အရိုးဆိုင်ရာ ရောဂါအမျိုးမျိုါ် ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

၅။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး

မုန်လာဥဖြူကိုစားပေးရင် အသက်ရှုလမ်းကြောင်းကို ရှင်းလင်းစေပြီးအသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ်။

၆။ မျက်လုံးကျန်းမာရေး

ဗီတာမင် A ကြွယ်ဝစွာပါဝင်ပြီး အမြင်အာရုံကို အားကောင်းစေပါတယ်။ Beta-carotene ဝင်လို့လည်း သင့်မျက်လုံးကို ကျန်းမာစေပါတယ်။