ရေဟာ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် တခါတလေ ကျွန်မတို့က ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ အလုပ်ရှုပ်နေလို့ တစ်နေ့လုံးရေမသောက်ဖြစ်တဲ့နေ့တွေ ဘယ်လောက်များနေပြီ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း ခန္ဓာကိုယ်အပေါ်လိုက်ပြီး ရေဓာတ်လိုအပ်တဲ့နှုန်းမတူကြပါဘူး။ ဒါကြောင့် ကိုယ်ရဲ့ ရေသောက်နှုန်းက နည်းနေလား၊ မလုံဘူးလားဆိုတာ ပြသနေတဲ့ လက္ခဏာရပ်များကို ပြောပြချင်ပါတယ်။

ခံတွင်းက ခြောက်နေမယ်

ဒါကတော့ သိသာ ထင်ရှားတဲ့အချက်ပါဘဲ။ လည်ချောင်းတွေခြောက်နေမယ်၊ ခံတွင်းတွေ ခြောက်နေမယ်ပေါ့။ ဒါပေမယ့် အဲ့လိုဖြစ်တဲ့အချိန်မှာ ရေသောက်တာထက် အအေးတစ်ခုခု သောက်မိကြပါလိမ့်မယ်။ ဒါက မှားနေတဲ့လုပ်ရပ်ပါ။ သကြားပါတဲ့ အချိုရည်တွေက ခဏတဖြုတ်တာ ကူညီပေးနိုင်မှာပါ။ ရေသောက်မှသာ ခံတွင်းနဲ့ လည်ချောင်းထဲက Mucus တွေကို ချောမွေ့စေပြီး ရေတစ်ငုံလောက်သောက်ရုံနဲ့ ခံတွင်းနဲ့လည်ချောင်းကို ချောမွေ့ စွတ်စိုနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

အသားအရေတွေ ခြောက်နေမယ်

ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေအတွက် အသားအရေထိန်းသိမ်းနည်း

အသားအရေက ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပြီး အမြဲစိုစွတ်နေဖို့ လိုအပ်ပါတယ်။ အသားအရေတွေခြောက်သွေ့နေတာက ရေဓာတ်ခမ်း ခြောက်နေတာရဲ့ အစောဆုံးလက္ခဏာရပ်ပါဘဲ။ ရေဓာတ်ခမ်းခြောက်တာကြာရင် ရောဂါကြီးကြီးမားမား ဖြစ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်နေရင် ချွေးမထွက်နိုင်တော့တာကြောင့် တစ်နေ့လုံး ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးတွေ အဆီတွေကို မဖယ်ရှားနိုင်တော့ဘဲ စုပြုံလာပါလိမ့်မယ်။

အရမ်း ရေဆာလာမယ်

ခံတွင်း၊လည်ချောင်း ခြောက်သွေ့တဲ့အဆင့်ကိုကျော်လွန်ပြီး သဲကန္တာရရောက်သွားသလို ခံစားရမှာပါ။ အရက်နာကျပြီး အိပ်ယာနိုးလာတဲ့သူတွေဆို ခံစားဖူးမှာပါ။ အရက်က ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေ ခမ်းခြောက်စေတာကြောင့် အရက်သောက်ပြီး အိပ်ပျော်သွားလို့ တရေးနိုးချိန်ဆို ရေကို အငမ်းမရ ဆာတာမျိုးတွေဖြစ်လာတာပါ။

မျက်လုံးတွေ ခြောက်သွေ့လာ

ရေလုံလောက်စွာ မသောက်သုံးရင် ပါးစပ်နဲ့ လည်ချောင်းတွေမှာ ခြောက်သွေ့ရုံသာမက မျက်လုံးမှာလည်း ခြောက်သွေ့လာပါမယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မလုံလောက်ရင် ငိုစရာ မျက်ရည်တောင် ရှိတော့မှမဟုတ်ပါဘူး။

ရုပ်ပိုရင့်လာ

အသက်ကြီးလာလေလေ ခန္ဓာကိုယ်အတွက် ရေဓာတ်က ပိုလိုလေပါဘဲ။ ရေဓာတ်က ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးတွေကို သန့်စင်ပေးရာမှာ အဓိကကျပါတယ်။ ဒါကြောင့် အသက်ရှည်ကျန်းမာပြီး နုပျိုစေဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။