နိုင်ငံတော်တော်များများရဲ့ ဓလေ့တွေမှာ အမျိုးသမီးဆိုတာ လူမြင်ကွင်းမှာဆိုရင် အမြဲတမ်း သပ်သပ်ရပ်ရပ် ရှိနေရမယ်။ ချွေးထွက်တာတွေ မဖြစ်ရဘူးလို့ ယူဆလက်ခံထားကြပါတယ်။

ကျွန်မ အဘွားဆိုလည်း “မိန်းကလေးဆိုတာ သပ်သပ်ရပ်ရပ်နဲ့ဘဲ ရှိရမယ်။ ချွေးထွက်နေတာမျိုး မဖြစ်ရဘူး”လို့ အမြဲလိုလို ဆုံးမခဲ့ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ဟာ ကျန်းမာရေးအတွက်ရော အသားအရေ အလှပအတွက်ပါ ချွေးထွက်ဖို့တော့ လိုအပ်ပါတယ်။ ချွေးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး လူကို တက်ကြွ လန်းဆန်းစေပါတယ်။

အရင် ခေတ်အဆက်ဆက်တုန်းကတော့ အမျိုးသမီးဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေ မလုပ်ရတာ၊ အပြင်ထွက်ပြီး ယောင်္ကျားတွေနဲ့ တန်းတူ မလုပ်ရတာကြောင့် ချွေးထွက်တယ်ဆိုတာ မိန်းမ မဆန်ဘူးလို့ သတ်မှတ်ကြတာပါ။ အခုတော့ ပြောင်းလဲသွားပါပြီနော်။

ကျန်းမာရေးအတွက် ချွေးထွက်တဲ့ အားကစားလုပ်ပေးသင့်တယ်

အခုခေတ်မှာ မိန်းမတွေလည်း ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေလုပ်နေရကြပါတယ်။ ရုံးတွင်း ထိုင်ပြီး အလုပ်လုပ်နေရပေမယ့် စိတ်ဖိစီးမှုတွေကတော့ အပြည့်ပါဘဲ။

ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ဖိစီးမှုတွေကို ချွေးအဖြစ်ပြောင်းလဲ လျော့ချပေးဖို့လိုပါတယ်။

မဟုတ်ရင် စိတ်ဖိစီးမှုတွေများလာပြီး စိတ်တွေရှုပ်၊ စိတ်ဓာတ်တွေကျ နဲ့ တခြား ကျန်းမာရေး ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေလည်း အလုပ်ချိန်ပြင်ပမှာ အာကစား တစ်ခုခု၊ ခန္ဓာကိုယ်လှချင်ရင်တော့ Gym ဆော့သင့်ပြီး စိတ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုတွေကို လူကြားထဲမှာ မရှက်မကြောက်ဘဲ ချွေးအဖြစ်ပြောင်းလဲပစ်လိုက်ပါ။

ပင်ပင်ပန်းပန်း ကစားပြီးလိုက်ရင် တစ်နေ့တာလုံးက စိတ်ဖိစီးမှုတွေက ချွေးအဖြစ် ပြောင်းလဲသွားပြီး စိတ်ကို ပေါ့ပါးလန်းဆန်းသွားပါတယ်။ သင့်ချွေးထွက်မှုကြောင့် တခြား သူတွေ အနှောင့်အယှက်ဖြစ်မှာကိုလည်း မစိုးရိမ်ပါနဲ့။

ချွေးအရမ်းထွက်နေရင်လည်း မျက်နှာ သုတ်ပဝါလေး ၁ ထည်ယူလာပြီး ပေါ့ပေါ့ပါးပါး ကစားပါ။

အမျိုးသမီးတွေလည်း လူသားတွေပါပဲ

အမျိုးသမီးတွေလည်း လူသားတစ်ယောက်ဖြစ်တာကြောင့် ချွေးထွက်မယ်၊ အလေးအပေါ့တွေ စွန့်တာတွေရှိမယ်၊ တခါတလေ နှာချေမယ် ဒါတွေက လူသားဆန်တာပါဘဲ။

အခုခေတ်မှာဆိုရင် မာရသွန်ပြေးပွဲတွေလည်း ခေတ်စားလာတာကြောင့် အမျိုးသမီး တော်တော်များများလည်း ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

အဲ့ဒီအပြင် စစ်တပ်ထဲမှာတောင် ကြမ်းတမ်းတဲ့ စစ်လေ့ကျင့်ရေးတွေလည်း လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ကြမ်းတမ်းတဲ့အလုပ်တွေ မလုပ်ရဘူးလို့ မပြောနိုင်တော့သလို လူကြားထဲ ချွေးထွက်တာကလည်း အပြစ်မဟုတ်တော့ပါဘူး။

တခြား အမျိုးသားတွေလိုဘဲ မနက်စောစော ထပြီး ပြေးကြမယ်။ ပြီးရင် ကိုယ်ဗိုက်ဆာရင် ကိုယ်စားချင်တဲ့ဆိုင်မှာ ဝင်စားမယ်။ ကိုယ်ချွေးထွက်နေတာ၊ စုတ်ပြတ်သပ်နေတာကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးနေ ကြည့်ကြရအောင်။

ချွေးနံ့ဆိုးတွေ သက်သာပျောက်ကင်းစေတဲ့ Roll on သုံးမယ်

ကိုယ်ချွေးထွက်တာက ကျန်းမာရေးအတွက် ပေါ့ပါးနေပေမယ့် ချွေးနံ့ဆိုးတွေကြောင့် ပတ်ဝန်းကျင်မှာ အနှောင့်အယှက်မဖြစ်စေဖို့ တာဝန်ယူမှု ရှိရပါမယ်။

ဒါကြောင့် ချွေးထွက်တာများနေရင် ချွေးနံ့ကို သက်သာစေပြီး အနံ့ဆိုးတွေကို ပျောက်ကင်းစေတဲ့ Roll on ကို ရွေးချယ်အသုံးပြုပေးဖို့လိုပါတယ်။

ချွေးထွက်သန်ပြီး ချွေးနံ့ဆိုးတွေရှိနေလို့ စိတ်မပူပါနဲ့။ Rexona ဟာ Motion Sense နည်းပညာနဲ့ ထုတ်လုပ်ထားတာကြောင့် လှုပ်ရှားမှုတိုင်းမှာ ချွေးနံ့ကင်းစင်စေပြီး တစ်နေကုန် လန်းဆန်းနေစေမှာဖြစ်ပါတယ်။

ချွေးနံ့နဲ့ အနံ့ဆိုးတွေကို ကာကွယ်ပေးနိုင်တဲ့ ပညာရှင် Rexona ဟာ ၄၈ နာရီတိုင်တိုင် အနံ့ဆိုးတွေကို ကာကွယ်ပေးနိုင်တာမို့ ယုံကြည်မှုအပြည့်နဲ့ နေရာမရွေး အချိန်မရွေး Rexona နဲ့အတူ လှုပ်ရှားသွားလာလိုက်ပါ။