အသည်းဟာ ကျွန်မတို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သည်းဟာ ဗီတာမင် K ရဲ့ အကူအညီကိုယူပြီး ပရိုတင်းဓါတ်ကို ထုတ်ပေးပါတယ်။ ဒီပရိုတင်းဓါတ်က သွေးခဲမှုမဖြစ်စေဖို့ သိပ်ကိုရေးကြီးပါတယ်။

2

ဒီကနေ့ခောတ်မှာ ကျွန်မတို့ စားသုံးနေတဲ့ အမြန်စားအစားအစာတွေ အသင့်စားအစားအစာတွေကြောင့် အသည်းကို ပိုလို့ထိခိုက်ပျက်စီးစေပြီး အသည်းအဆီဖုံးတာ အသည်းခြောက်တာ စတဲ့ အသည်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။

ဒါ့ကြောင့် အသည်း ကျန်းမာစေပြီး ရှိရင်းရှိအသက်ထက် နှစ်ပေါင်း ၂၀ကျော်လောက် အသည်းကို နုပျိုပြီး ကျန်းမာနေစေဖို့ မန်ကျည်းရွက် လက်ဖက်ရည်ကို ပြုလုပ်လိုက်ပါတယ်။

ပါဝင်ပစ္စည်း

34

မန်ကျည်းရွက် ၂၅ ရွက်

ရေ ၁ လီတာ

ပြုလုပ်နည်း

5

မန်ကျည်းရွက် ၂၅ ရွက်ကို ရေသေချာဆေးပြီး အိုးတစ်လုံးထဲထည့်ပါ။ ပြီးရင် ရေ တစ်လီတာထည့်ပြီး ဆူအောင်သည်ပါ။ ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီးအအေးခံထားပါ။

ဒါဆိုရင် သောက်သုံးလို့ရပါပြီ။ အရသာပိုရှိစေဖို့အတွက် ပျားရည် (သို့) သကြားအညိုကို ထည့်သွင်းစားသုံးနိုင်ပါတယ်။

အသည်းကျန်းမာရေးအတွက် မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့ နှစ်ကြိမ် သောက်ပါ။