ခေါင်းကိုက်၊ အားနည်းပြီး အိပ်မပျော်တာတွေဖြစ်ရင် အလုပ်ပြင်းပြင်းထန်ထန်လုပ်လို့ ပင်ပန်းတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဗီတာမင် K ဓာတ် လျော့နည်းရင်လည်း ဒီလို ခေါင်းကိုက်တာ၊ အားနည်းတာ ညအိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲက ဓာတုဖြစ်စဉ်ပေါင်း ၃၀၀ ကျော်အတွက်လိုအပ်တဲ့ဓာတ်ဖြစ်ပြီး အစားအစာကနေ စွမ်းအင်ကို ပြောင်းလဲ ပေးပါတယ်။ အမိုင်နိုအက်ဆစ်တွေကို ဖြိုခွဲပြီး ကြွက်သားတွေဖြစ်စေတဲ့ ပရိုတင်းဓာတ်ကို ပြောင်းလဲပေးပါတယ်။

16106460-Depositphotos_32848239_xl-2015-1505730969-650-c9d6b686fe-1506069998

ဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်က ခဏခဏ ခေါင်းကိုက်တာတွေ ခေါင်းတစ်ခြမ်းကိုက်တာတွေ သက်သာစေပါတယ်။

ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ရင် ညအိပ်မပျော်တာတွေ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ်ဓာတ် အများဆုံး ရရှိမယ့် အစားအစာများ

ဟင်းနုနယ်ရွက်

အခွံမာအသီးများ

ဆန် အညိုရောင်

ပေါင်မုန့်

ငါး

အသား

ထောပတ်သီး တို့ဖြစ်ပါတယ်။

ဗီတာမင် K

ဗီတာမင် K ကလည်း သွေး တိတ်အောင်လုပ်ပေးကာ၊ သွေးကြောထုံးတာတွေကို ကာကွယ်လုပ်ဆောင်ပေးပါတယ်။

အရိုးတွေကို သန်မာစေကာ အယ်ဇိုင်းမားရောဂါနဲ့ ဆီးကျိတ်ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

ဗီတာမင် K ဓာတ်ရရှိတဲ့ အစားအစာများ

ပင်စိမ်းရွက်၊ စမုန်ဖြူ၊ နံနံပင်၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ကြက်သွန်မြိတ်၊ ကန်စွန်းရွက်၊ တရုတ်နံနံ၊ ဂေါ်ဖီပန်းပွင့်၊ ကညွှတ်၊ ငရုတ်သီး၊ သံလွင်ဆီ စသည်တို့ ဖြစ်ပါတယ်။