ငှက်ပျောသီးအကြောင်းတော့ တော်တော်များများရေးဖူးပါတယ်။ ငှက်ပျောသီးဟာ ဈေးနှုန်းသက်သာပြီး အရသာရှိလို့ လူတိုင်းလိုလို ကြိုက်နှစ်သက်ကြတဲ့အသီးပါ။ ငှက်ပျောသီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓါတ်တွေများစွာပါဝင်နေပါတယ်။ အခုလိုအာဟာရဓါတ်ကြွယ်ဝလို့လည်း ဆေးစွမ်းထက်တဲ့ ငှက်ပျောသီးဟာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ငှက်ပျောသီးကိုပုံမှန်စားပေးရင်

ကျောက်ကပ်ကင်ဆာ၊ စိတ်ကျရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိကွယ်တာ၊ အရိုးပွရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုတို့ကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

သင့်ကိုပိုတော်စေတယ်

အထက်မှာ ဖော်ပြခဲ့သလိုပါပဲ။ ငှက်ပျောသီးဟာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေလို့ သင့်ကို ပိုပြီးတော်စေ ထက်မြတ်စေပါတယ်။

ကယ်လ်ဆီယမ်လျှော့နည်းခြင်းကိုကာကွယ်ပေးတယ်။

ငှက်ပျောသီးဟာ ကယ်လ်ဆီယမ်ပါဝင်မှုကိုတိုးတက်စေလို့ အဟာရဓါတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဒါ့ကြောင့်အရိုးတွေကို သန်မာစေပါတယ်။

၃။ ကျောက်ကပ်ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးတယ်။

Healthy-Kidney

ကယ်လ်ဆီယမ်ဓါတ်မြင့်မားလို့ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးသလို၊ ကျောက်ကပ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၄။ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။

သံဓါတ်ကြွယ်ဝစွာပါဝင်လို့ သွေးနီဆဲလ်တွေကို ပိုမိုတိုးပွားစေပါတယ်။ ဒါ့ကြောင့်သွေးအားနည်းခြင်းကိုကာကွယ်ပေးသလို ကုသပေးနိုင်ပါတယ်။

၅။ သွေးတွင်းသကြားဓါတ်ပါဝင်မှုကိုထိန်းချုပ်ပေးတယ်။

ငှက်ပျောသီးကိုပုံမှန်စားပေးတာဟာ ဆီးချိုဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓါတ်ပါဝင်မှုကို ထိန်းပေးပါတယ်။ (ဆီးချိုသမားတွေကတော့ ငှက်ပျောသီး အရမ်းမှည့်နေတာ ချိုလွန်းနေတာကို မစားသင့်ပါဘူး။ အတော်အသင့်မှည့်တဲ့ငှက်ပျောသီးကိုသာစားသင့်ပါတယ်။ ငှက်ပျောသီးမှည့်မှာ ကာဘွန်ဟိုက်ဒရိတ် ၈% ပါဝင်လို့ သွေးတွင်းသကြားဓါတ်ကို တိုးလာစပါတယ်။ ဒါ့ကြောင့် အလွန်အကျွံမစားပါနဲ့)

၆။ စိတ်ကျရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။

ငှက်ပျောသီးမှာ Tryptophan လို့ခေါ်တဲ့ ရှားပါး ဓါတ်ပစ္စည်းတစ်ခုပါဝင်လို့ စိတ်ခံစားချက်ကို ကောင်းမွန်စေသလို စိတ်ဖိစီးမှု စိတ်ကျရောဂါကိုကုသ ကာကွယ်ပေးနိုင်ပါတယ်။

၇။ အစာချေစနစ်ကိုကောင်းမွန်စေတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာချေစနစ်နဲ့ပတ်သတ်တဲ့ ပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

၈။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးတယ်။

Is-it-Okay-to-Eat-Two-Bananas-a-Day

ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းလို့ နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးသလို လေဖြတ်ခြင်းအပါအဝင် တခြားနှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

၉။ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကိုသက်သာစေခြင်း။

ဗီတာမင် B6ပါဝင်လု့ိ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

၁၀။ အားရှိစေခြင်း။

banana497

အားကစားသမားတွေဟာ ငှက်ပျောသီးကို ဓါတ်စာအဖြစ်ထည့်သွင်းစားသုံးပေးကြပါတယ်။ ငှက်ပျောသီးကို လေ့ကျင့်ခန်းမလုပ်ခင် သရေစာအဖြစ်စားပေးသင့်ပါတယ်။ သင့်ကိုအားရှိစေလို့ ငှက်ပျောသီးဟာ အကောင်းဆုံးအဖော်မွန်ပါပဲ။