ကျန်းမာသန်စွမ်းနိုင်ရန်အတွက် ကျွန်မတို့ကတစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းများကို လိုက်နာရုံသာမကတိကျစွာလိုက်နာသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အကျိုးသက်ရောက်မှုများအတူတူဖြစ်လိမ့်မည်မဟုတ်ပေ။ လူတော်တော်များအတွက် သူတို့ဘဝ တစ်လျှောက်လုံးတွင် အံ့ဝင်ခွင်ကျ ဖြစ်နေတဲ့အလေ့အကျင့်တွေဟာ မှားယွင်းသောအရာများပြုလုပ်နေခြင်းသာ ဖြစ်တယ်ဆိုတာအံ့အားသင့်စရာပင်ဖြစ်တယ်။

ဒါကြောင့် Bright Side ကနေ သာမန်လူတစ်ယောက်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်လိုက်နာမှုရှိမရှိကို ဂရုတစိုက်လေ့လာခဲ့ပြီး အမှားအယွင်းများကို ဖော်ထုတ်ခဲ့ပါတယ်။ သင်ရဲ့တကိုယ်ရေးသန့်ရှင်းရေးအတွက် သင်ကျွမ်းကျွမ်းကျင်ကျင်ဖြစ်သင့်ပြီး မှန်မှန်ဂရုစိုက်ရန်အတွက် အကြံဉာဏ် ပေးချင်ပါတယ်။

၁။ခဏခဏရေချိုးခြင်း

မကြာခဏရေချိုးခြင်းက လုံးဝရေမချိုးပဲနေသကဲ့သို့မကောင်းပါဘူးဆိုတာ သင့်အတွက်နည်းနည်းတော့ ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ်။ ကိုလံဘီယာတက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ရဲ့အဆိုအရ ရေများများချိုးခြင်းက သင့်အရေပြားကို ခြောက်သွေ့ စေပြီး အက်ကြောင်းဖြစ်စေတယ်။ အဲဒါကအနာများမှတဆင့် သင့်ခန္ဓာကိုယ်ကို ပိုးမွှားများအလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ပညာရှင်များကလည်း တစ်နေ့တစ်ခေါက်ပဲ ရေချိုးဖို့ ထောက်ခံခဲ့ကြပါတယ်။

၂။အိမ်သာမသွားခင်လက်မဆေးခြင်း

Source;depositphotos.com

သင့်အိမ်သာတစ်ခုတည်းသာမကတစ်အိမ်လုံးတွင်လည်း ဘက်တီးရီးယားများကိုတွေ့ရှိနိုင်ပါတယ်။ ဆိုလိုသည်မှာ သင်ရဲ့လက်ကို အချိန်ကြာမြင့်စွာ မဆေးကြောပါကလည်း ဘက်တီးရီးယားပိုးမွှားမျာ’ရှိနေတတ်ပါတယ်။ အိမ်သာကိုသွားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အဓိကအစိတ်အပိုင်းကို တို့ထိရတဲ့ အတွက် အထူးသဖြင့် ပိုမွှားတွေအလွယ်တကူဝင်နိုင်သလို ပိုပြီးအန္တရာယ်များပါတယ်။ အဲဒါကြောင့် အိမ်သာမသွားခင်လက်ကိုဆေးကြောဖို့က သွားပြီးမှဆေးကြောတာထက် ပိုပြီးအရေးကြီးပါတယ်။

၃။အိမ်သာရေခလုတ်ကိုလက်ချောင်းဖြင့်နှိပ်ခြင်း

Source;Brightside

အိမ်သာက အိမ်တအိမ်တွင်အညစ်ညမ်းဆုံးနေရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ လေ့လာတွေ့ရှိချက်များအရ ရေခလုတ်မျက်နှာပြင်တွင် ဘက်တီးရီးယား များက မိနစ်၉၀ကြာမြင့်အောင်ပင် ရှိနေနိုင်ဆဲဖြစ်ပါတယ်။ ထို့ကြောင့်အိမ်သာကို သင်ရဲ့လက်ချောင်းဖြင့်မဟုတ်ဘဲ သင့်လက်ဆစ် ဒါမှမဟုတ် လက်ချောင်းရဲ့နောက်ဘက်ဖြင့် ရေခလုတ်ကို ဖိချပါ။ သင့်လက်များကို မဆေးခင်တစ်ခုခုကိုမေ့ပြီးထိမိရင်တောင် ဘက်တီးရီးယားကို အလွယ်တကူ ပျံ့နှံ့စေလိမ့်မည်မဟုတ်ပါ။

၄။အိမ်မွေးတိရစ္ဆာန်နဲ့အတူအိပ်ခြင်း

Source;depositphotos.com

ညအချိန်မှာပင် ကျွန်တော်တို့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းများကိုလိုက်နာရန်လိုအပ်ပါတယ်။ ကြောင်များနှင့်ခွေးများကို သင်နဲ့အတူ အိပ်ရာတစ်ခုတည်းတွင်အိပ်ရန်ခွင့်မပြုသင့်ပါ။ အသန့်စင်ဆုံးတိရစ္ဆာန်များမှာပင် သူတို့ရဲ့အမွှေးများတွင် ဘက်တီးရီးယားများစွာ သယ်ဆောင်နိုင် ကြပါတယ်။ အဲဒါကို သင်ယုံကြည်ဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း တချို့တိရစ္ဆာန်များကအသက်အန္တာရာယ်ပင်ဖြစ်ပေါ်စေနိုင်ပါတယ်။ တချို့မှတ်တမ်းများအရ ၁၉၇၇ မှ ၁၉၉၈ ခုနှစ်အတွင်း အိမ်မွေးကြောင်များမှသယ်ဆောင်လာတဲ့ ဘက်တီးရီးယားပိုးများကြောင့် သေစေနိုင်လောက် သောရောဂါကူးစက်မှု ၂၃ ခုရှိခဲ့ကြောင်းတွေ့ရှိရပါတယ်။