မနက်စာက သင့်ခန္ဓာကိုယ်၊ ဦးနှောက်နဲ့ ဝမ်းဗိုက်အတွက် အဓိက အရေးပါပါတယ်။

သင့်ရဲ့ ရည်မှန်းချက်က Six-Pack ရဖို့လား။ ဒါဆိုရင်တော့ မနက်စာကို သတိထားပြီး အာဟာရပြည့်ပြည့်၀၀ စားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ Gym မှာ အချိန်တွေပိုပြီး များများဆော့နေရပါလိမ့်မယ်။

မနက်စာကို ပရိုတင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီနဲ့ ကောင်းမွန်တဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်တွေပါဝင်အောင် စားသုံးရင် စိတ်ကျေနပ်မှုနဲ့လန်းဆန်းမှုကို ရရှိမှာပါ။

protein

အဲ့ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့အဆီလောင်ကျွမ်းအားကိုလည်း တစ်နေ့လုံး ကောင်းစေပါတယ်။

မနက်အိပ်ရာကနေထလာရင် Green Tea တစ်ခွက်သောက်ပေးပါ။ Green Tea မှာ Antioxidants တွေ ပါဝင်ပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေကာ အဆီပိုတွေကိုလည်း လျော့ချပေးပါတယ်။

tea-2356775_1280

ကြက်ဥကတော့ မနက်စာမှာ ပါဝင်လေ့ရှိတဲ့ အစားအစာပါ။ ကြက်ဥမှာ ဗီတာမင် D, B12 တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းအားကိုကောင်းစေပါတယ်။ အဲ့ဒီအပြင် ပရိုတင်းဓာတ်နဲ့ကောင်းမွန်တဲ့ အဆီဓာတ်တွေပါဝင်တာကြောင့် ဝမ်းဗိုက်ကို ပြည့်နေသလို ခံစားရမှာပါ။

မနက်စာကို ကြက်ဥစားရင် ကိုယ်အလေးချိန်နဲ့ ဝမ်းဗိုက်က အဆီတွေကို တခြား အစားအစာတွေထက် ပိုပြီး ချေဖျက်ပေးနိုင်ပါတယ်။

How-to-Cook-Hard-Boiled-Eggs-2-1200