ဒီလိုမျိုး အနီပိမ့်တွေထတတ်တဲ့ အရေပြားရောဂါအတွက် သေချာကုသနိုင်တာမရှိသေးလို့ ဖြစ်ပြီဆိုရင် အလွန်ဒုက္ခရောက်ပါတယ်။ ဆေးကိုလည်းသောက်ရမှာ ပျင်းတယ်၊ မသောက်ချင်ဘူးဆိုရင်တော့ နနွင်းကို အသုံးပြုကြည့်ပါ။

လူအများစုသိထားတဲ့အတိုင်းပင် နနွင်းက အလွန်အစွမ်းထက်တဲ့ သဘာဝဆေးဖက်ဝင် အမျိုးအမယ်တစ်ခုဖြစ်ပြီး ယားယံတာတွေ၊ နီရဲမှုတွေကို ကုသပေးနိုင်ပါတယ်။ ဒါကြောင့် နနွင်းကို အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

နည်းလမ်း (၁) – နနွင်းအနှစ်

ပန်းကန်လုံးထဲကို နနွင်း စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ရေလုံလုံလောက်လောက်ရောပြီး ပျစ်သည်အထိ မွှေပေးပါ။ အနှစ်ဖြစ်သွားပြီဆိုရင် နီရဲနေတဲ့ အသားပေါ်ကို ထူထူလိမ်းပေးပါ။ အဝတ်အစားများကို စွန်းထင်းမှုမရှိစေဖို့ ပတ်တီးစည်းထားပေးပါ။

၅ နာရီ ကြာသွားသည့်အခါ ရေစိုဝတ်နှင့် သုတ်ပေးနိုင်ပါတယ်။ ညအိပ်တဲ့အချိန်မှာ လိမ်းပေးပြီး မနက်အိပ်ရာထတဲ့အခါ သုတ်ပေးနိုင်ပါတယ်။

နည်းလမ်း (၂) – နနွင်းရေနွေးကြမ်း

နနွင်းမှုန့် နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်စီကို ရေတစ်ခွက်နှင့်ရောပြီး မီးအမြင့်ဆုံးနဲ့ ပွက်အောင်တည်ပေးပါ။ ၁၀ မိနစ် တည်ထားပေးပြီးရင် မီးဖိုပေါ်ကဖယ်လိုက်ပြီး အနည်းငယ်အအေးခံလိုက်ပါ။ ရေကိုခွက်ထဲစစ်ပြီးသွားရင် သောက်သုံးနိုင်ပါပြီ။

အရသာပိုမိုကောင်းလိုတယ်ဆိုရင်တော့ ပျားရည်နှင့်သံပုယိုရည်အနည်းငယ်ကို ထည့်ပေးနိုင်ပါတယ်။ တနေ့လျှင် တစ်ကြိမ်ကို ၃ လသောက်ပေးပါ။

နည်းလမ်း (၃) – နနွင်းနှင့် အုန်းဆီ

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ပုံ၁ပုံကို အရည်ဖျော်ထားတဲ့ အုန်းဆီအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျစ်အောင်မွှေပြီး အသားအရေပေါ်မှာ သုတ်လိမ်းပေးပါ။ ၂ နာရီကြာထားပြီးရင် ရေနဲ့သန့်စင်ပေးပါ။

ရလဒ်ကောင်းများကို ရရှိရန်အတွက် တနေ့လျှင် နှစ်ကြိမ်၊ ၂ လပြုလုပ်ပေးပါ။

နည်းလမ်း (၄) – နနွင်းနှင့် သံလွင်ဆီ

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး အသားအရေပေါ်သုတ်လိမ်းကာ ၂ နာရီကြာထားပေးပါ။ အချိန်ပြည့်လျှင် ရေနဲ့ဆေးချပြီး ခြောက်အောင်သုတ်ပေးပါ။

နည်းလမ်း (၅) – နနွင်းနှင့် ကြက်သွန်ဖြူ

ထောင်းပြီးသား ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်းကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောစပ်ပြီး ရေနဲ့သောက်သုံးပေးပါ။ တနေ့တစ်ကြိမ်ကို လအနည်းငယ်လောက်မှန်မှန်ပြုလုပ်သွားမယ်ဆိုရင် သက်သာလာမှာပါ။

နည်းလမ်း (၆) – နနွင်းနှင့် ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရော၍ အသားအရေပေါ်သုတ်လိမ်းပေးပြီး မိနစ် ၂၀ ထားကာ ရေနဲ့သန့်စင်ပါ။

သက်သာသည်အထိ တနေ့လျှင် နှစ်ကြိမ် မှန်မှန်ပြုလုပ်ပေးပါ။

Credit: FabHow

Featured Image Source: 1StopWellbeing