ကျောက်ကပ်က ခန္ဓာကိုယ်အတွင်းရှိ သွေးတွေ အညစ်အကြေးတွေကို သန့်စင်ပေးပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာတွေကို စွန့်ထုတ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

အကယ်၍ ကျောက်ကပ်က သေချာ အလုပ်မလုပ်တော့ဘူးဆိုရင် ပရိုတင်းဓာတ်တွေနဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ပစ္စည်းတွေ စုပုံလာပါလိမ့်မယ်။ သွေးတွေကလည်း အဆိပ်အတောက်တွေပါဝင်လာပြီး ကျောက်ကပ်ရောဂါတို့ တခြား ရောဂါတွေအများကြီး ဖြစ်လာပါလိမ့်မယ်။

3-kidney-doctor

ကျောက်ကပ်မှာ ပြဿနာရှိလာရင်

ဆီးအရောင်က ကော်ဖီ အရောင်လို ကိုကာကိုလာလို ပုံစံဖြစ်လာရင်တော့ ကျောက်ကပ်မှာ ပြဿနာရှိလာပါပြီ။

စိတ်လှုပ်ရှား၊ စိတ်ဖိစီးမှုတွေ များလာရင်

ခါးနာလာရင် (အထူးသဖြင့် ခါးအောက်ပိုင်း၊ ဗိုက်နဲ့ တစ်တန်းတည်း က အောင့်လာရင်)

ရေတစ်ချိန်လုံး ငတ်နေရင်

ခဏခဏ ဆီးသွားချင်ရင်

ခြေကျင်းဝတ်တွေ ရောင်လာမယ်၊ မျက်လုံးနေရာမှာ ယောင်လာမယ်။

မောပန်းနေမယ်

ဒီလက္ခဏာတွေက တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဒီအထဲက ၃ ချက်လောက်နဲ့ ငြိစွန်းနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

နံနံပင်

5-parsley

နံနံပင်က ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေ ဆေးကြော ဖယ်ရှားပေးရာမှာ အစွမ်းထက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ သူ့မှာ အားကောင်းတဲ့ Antioxidants တွေပါဝင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေ ပြန်လည်အားကောင်းလာအောင် ဆဲလ်တွေ ပြန်လည်အားကောင်းလာအောင် ကူညီပေးပါတယ်။

သတ္တုဓာတ်တွေလည်း ကြွယ်ဝတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းများမှ အဆိပ်အတောက်တွေ အဆီတွေ ကိုဖယ်ရှားပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ပိုးဝင်မှု၊ အကြိတ်တွေကို ကာကွယ်နိုင်တဲ့ Beta-Carotene၊ Chlorophyll နဲ့ ဗီတာမင်စီတို့လည်း ပါဝင်ပါတယ်။

နံနံပင်မှာ ဆီးရွှင်အောင် ကူညီပေးနိုင်ပြီး မြင့်မားနေတဲ့ သွေးဖိအားကို လျော့ကျအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

သံပုရာသီး

Lemon-easter-biscuits-hero-1d74c01d-8906-45fe-8135-322f0520c434-0-472x310

သံပုရာသီးမှာ ဗီတာမင် စီ၊ ဘီတို့ ပါဝင်တာကြောင့် ကျောက်ကပ်ထဲမှာရှိတဲ့ သွေးကြောတွေကို ထောက်ပံ့ပေးပြီး ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတေက်တွေ ဖယ်ရှာပေးနိုင်ပါတယ်။ သွေးဖိအားတွေ မြင့်နေရင်လည်း ကျဆင်းအောင် ကူညီပေးပါတယ်။

ဆိုဒီယမ် ပါဝင်မှုနည်းပြီး ပိုတက်ဆီယမ် ပါဝင်မှုများတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။

သံပုရာဖျော်ရည်သောက်တဲ့အခါမှာလည်း နံနံပင်ကိုထည့်သွင်း သောက်သုံးသင့်ပါတယ်။

ပြုလုပ်နည်း

4-juice

နံနံပင် ၅ချောင်းလောက်တွေကို ရေတစ်လီတာထဲမှာ ပြုတ်လိုက်ပါ။ အဲ့ဒီ ပြုတ်ထားတဲ့ရေထဲမှာ နံနံပင်ရဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒီရေထဲမှာကို သံပုရာသီးထည့်ပြီး သံပုရာ ဖျော်ရည်သောက်လို့ရပါတယ်။

မနက်စာ မစားခင် တစ်ခွက်၊ နေ့လည်စာမစားခင် တစ်ခွက်နဲ့ ညစာမစားခင် တစ်ခွက်သောက်သုံးသင့်ပါတယ်။ ဒီလိုမျိုး တစ်ပတ်မှာ၂ကြိမ်သောက်သုံးပေးရင် ကျောက်ကပ်ကျန်းမာရေးကို ကူညီပေးပါလိမ့်မယ်။