ပျားရည်ကို အိမ်တွင်းဆေးအဖြစ် အသုံးပြုတဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ပျားရည်မှာ ကျန်းမာရေးအတွက်အထောက်အကူပြုစေတဲ့ အဟာရဓါတ်တွေ များစွာပါဝင်ပြီး ရွှေလိုအဖိုးတန်တဲ့ ရွှေရောင်ပျားရည်လေးကို ဒီလိုအသုံးပြုလိုက်ရအောင်ပါ။

ကင်ဆာနဲ့ နှလုံးရောဂါကာကွယ်ဖို့

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ပျားရည်ကို ပုံမှန်စားပေးရင် ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

အစောမကြေခြင်း

အစာမကြေတာမျိုးဖြစ်ပြီဆိုရင် ဂျင်း ၁ လက်မလောက်ကို ရေနဲ့ကျိုပေးပြီး အအေးခံကာ ပျားရည် ၂ ဇွန်း၊ သံပုရာရည်အနည်းငယ်ညှစ်ပြီး သောက်ပေးပါ။

အစာအိမ် အချဉ်ရည်ဆန်တက်ခြင်း (Acid Reflux)

အစာခြေရည်တွေ အထက်ဆန်တက်တာဟာ လူတော်တော်များများဖြစ်ကြပါတယ်။ အဲဒီအခါ လူက ရင်ပူသလိုဖြစ်ပါတယ်။ ပန်းနာလိုလို ချောင်းဆိုးပြီး မြိုချရလည်းခက်ပါတယ်။ ဒီလို အချဉ်ရည်ဆန်တက်တာမျိုးမဖြစ်အောင် ပျားရည်ကို တစ်နေ့ ၁ ဇွန်း ပုံမှန်သောက်ပေးသင့်ပါတယ်။

အပူလောင်ခြင်းနဲ့ ထိခိုက်ရှနာပျောက်ကင်းစေဖို့

အပူလောင်တာမျိုး ထိခိုက်ရှနာတာမျိုးဖြစ်ရင် ပျားရည်ကို လိမ်းပေးနိုင်ပါတယ်။

အအေးမိဖျားနာခြင်းကို ကာကွယ်ပေးတဲ့ ပျားရည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပျားရည်ကို သဘာ၀ ချောင်းဆိုးပျောက်ဆေး၊ အအေးမိဖျားနာပျောက်ဆေးအဖြစ် ထောက်ခံပေးကြပါတယ်။ အခုလိုကျောင်းဖွင့်ရာသီမှာလည်း ရာသီဥတုအပြောင်းအလဲကြောင့်ကျောင်းသားလူငယ်တွေ ဖျားနာလေ့ရှိတာမို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျားရည်နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ညအိပ်ယာမဝင်ခင် ပျားရည်တစ်ဇွန်းလောက်သောက်ပြီးအိပ်ပေးတာဟာ အိပ်ရေးဝစေပြီး အအေးမိဖျားနာဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

အရေပြား ဓါတ်မတည့်ခြင်းအတွက်ပျားရည်

ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် အရေပြားယားယံတာ ဓတ်မတည့်တာမျိုးဖြစ်ရင် ပျားရည်ကို လိမ်းပေးနိုင်ပါတယ်။ ပျားရည်လိမ်းပေးပြီးခြောက်အောင်ထားကာ ရေဆေးချပေးပါ။

ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ ပျားရည်

ပျားရည်မှာ ဗီတာမင် B1, B2, B3, B5 နဲ့ ဗီတာမင် C စတာတွေအပြင် သံဓါတ် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆာလ်ဖာလ်၊ ဆိုဒီယမ်ကလိုရွိုက် စတာတွေပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။

ပျားရည်နေ့တိုင်းစားနေရင် ဆီးချို သွေးချို ဖြစ်မလားစိုးရိမ်နေသူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို စားပွဲတင်ဇွန်း ၃ ဇွန်းထိ ပုံမှန် စားသုံးပေးနိုင်တယ်လို့ သုသေသနတွေမှာ ဖော်ပြထားပါတယ်။