အခုနောက်ပိုင်းမှာတော့ တော်တော်များများက ညဘက်အိပ်မပျော်တဲ့ရောဂါကို စွဲကပ်လာတာတွေ့ရပါတယ်။ ညဘက်မှာ အိပ်မပျော်တာက ကြာလာရင်မကောင်းပါဘူး။ ကျန်းမာရေးနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာအိပ်မပျော်တဲ့ရောဂါကို သက်သာလာစေမယ့် နည်းလမ်းကို ပြောပြပေးချင်ပါတယ်။

ပျားရည်ဟာ ကျန်းမာရေးနဲ့ အလှအပပိုင်းဆိုင်ရာအတွက် အဖက်ဖက်ကနေ အသုံးဝင်လွန်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ။ ညဘက်မှာအိပ်မပျော်တဲ့ရောဂါကိုလည်း ပျားရည်နဲ့ပဲ ကုသနိုင်ပါတယ်။ ပျားရည်မှာက သဘာဝအတိုင်း ကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ အာနိသင်တွေပါနေပါတယ်။

Source: www.womensok.com

ရေ – ဖန်ခွက်တစ်ခွက်စာထဲကို ပျားရည် – လက်ဖက်ရည်ဇွန်းနှစ်ဇွန်း ရောထည့်ပြီးမွှေလိုက်ပါ။ ပြီးရင်တော့ ညဘက်အိပ်ယာဝင်ခါနီးမှာ သောက်ပြီး အိပ်ရပါမယ်။ ဒီလိုလုပ်ပေးတာက အရမ်းသိသာပါတယ်။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ တစ်ပတ်လောက်စွဲပြီး သောက်ကြည့်လိုက်ပါ။ ထူးခြားတဲ့ရလဒ်ကိုရရှိလာပါလိမ့်မယ်။ ပျားရည်က ဆေးဘက်ဝင်တဲ့အတွက် ညတိုင်းသောက်လည်း ဘေးဥပါဒ်မဖြစ်လို့ စိတ်ချလက်ချမှီဝဲနိုင်ပါတယ်။

Source: www.leaf.tv