ကြက်သွန်ဖြူမှာ ကျန်းမာရေး ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အဲ့ဒီအထဲကမှ လူသိနည်းနေသေးတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ဝေမျှချင်ပါတယ်။

shutterstock_260043224-e1455571305132
ဝက်ခြံတွေအတွက်

ကြက်သွန်ဖြူက ဝက်ခြံတွေ လျှော့နည်းပျောက်ကင်းဖို့အတွက်လည်း ကူညီပေးပါတယ်။ ကြက်သွန်ဖြူတွေကို ရေဆေးပြီးရင် ဝက်ခြံထွက်တဲ့နေရာကို ကပ်ပေးရမှာဖြစ်ပါတယ်။ ပြီးမှ ရေပြန်ဆေးချပါ။

shutterstock_221660830-e1455571015594

သွားကိုက်ရင်

ညသန်းခေါင် သွားကိုက်လို့သွားဆရာဝန်ဆီ သွားလို့မရသေးခင် ကြက်သွန်ဖြူနဲ့သွားကိုက်သက်သာအောင် လုပ်ဆောင်ထားလို့ရပါတယ်။ ကြက်သွန်ဖြူကို သွားနာနေတဲ့နေရာနားမှာ ကိုက်ဝါးတာဖြစ်ဖြစ် နာနေတဲ့သွားရဲ့ အနောက်ဘက်နားမှာ ထည့်ထားတာဖြစ်ဖြစ် လုပ်ဆောင်လို့ရပါတယ်။

shutterstock_287082125-e1455570805604

မျက်နှာကို သန့်ရှင်းရေးလုပ်နိုင်

မျက်နှာသစ်ဆေးတွေ ဆပ်ပြာတွေမှာ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် အသားအရေ ပျက်စီးတာ ခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။

ကြက်သွန်ဖြူမှာတော့ Allicin ဓာတ်ပါဝင်တာကြောင့် အဲဒီဓာတ်က ဘက်တီးရီးယား၊ ဗားရက်စ် နဲ့ မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဲ့ဒီဓာတ်က မျက်နှာပေါ်က ဝက်ခြံတွေ နဲ့တခြား အရေပြားရောဂါတွေကိုလည်း သန့်ရှင်းပေးပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး မျက်နှာကို ပွတ်ပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပေးပါ။ ပြီးရင် အသားအရေ အစိုဓာတ်ရအောင် Moisturizer တစ်ခုခု လိမ်းပေးပါ။

shutterstock_133390169-e1455570843564

ခြေထောက်မှာ မှိုကပ်တာတွေ ဖယ်ရှားဖို့

အားကစားသမားတွေနဲ့ Shoe ဖိနပ်စီးတာများတဲ့ သူတွေရဲ့ ခြေထောက်မှာ အနံ့ဆိုးတွေ၊ မှိုကပ်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေကို ပျောက်ကင်းနိုင်ဖို့ ကြက်သွန်ဖြူများကို ပါးပါးလှီးပြီး ရေနွေးထဲထည့်ကာ စိမ်ပေးပါ။ ဒါမှမဟုတ်ရင် သံလွင်ဆီကို ကြက်သွန်ဖြူနဲ့ ရောပြီး မှိုရှိနေတဲ့နေရာတွေကို ဂွမ်းနဲ့သုတ်ပေးပါ။

shutterstock_287714372-e1455571448511

ပိုးမွှားတွေကို ဖယ်ရှားဖို့

ကိုယ့်အိမ်မှာ စိုက်ထားတဲ့ ပန်းပင်တွေ၊ အသီးအရွက်ပင်တွေမှာ ပိုးမွှားကျနေရင်လည်း ကြက်သွန်ဖြူ၊ ရေနွေးနဲ့ ဆပ်ပြာတို့ကို စပ်ပြီး ရေဖြန်းတဲ့ ဗူး (spray bottle) ထဲထည့်ပြီး ဖြန်းပေးပါ။ ဒါဆိုရင် ပိုးမွှားတွေကို အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

shutterstock_118647259-e1455571518825

ဖျားနာနေရင်

ဖျားနာနေရင်လည်း ကြက်သွန်ဖြူကို အစိမ်းစားသင့်ပါတယ်။ ဒါဆိုရင် ကိုယ်ခံအားနစ်ကို ပိုကောင်းစေပြီး အဖျားပျောက်စေပါတယ်။