အုန်းဆီက ဆံကေသာအတွက် များစွာအကျိုးကျေးဇူးရှိတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါနော်။ ဆံပင်ပါးလို့ ဆံပင်ခဏခဏ ကျွတ်နေလို့ ဆံပင်တွေ ဖြူနေလို့ စိတ်ညစ်နေသူတွေအတွက် အုန်းဆီကို အသုံးပြုပေးသင့်ပါတယ်။ အုန်းဆီဟာ ဆံကေသာကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ အဟာရဓာတ်တွေဟာ ဆံပင်ထဲကို စိမ့်ဝင်နိုင်စွမ်းရှိပြီး ဆံပင်အမြစ်လေးတွေကို ခိုင်မာစေပါတယ်။

ဆံကေသာနဲ့ ပက်သက်တဲ့ ပြဿနာအမျိုးမျိုးကိုလည်း ကုသပေးနိုင်ပါတယ်။

ဆံပင်ဖြူခြင်း

အုန်းဆီဟာ ဦးရေပြားကိုအားဖြည့်ပေးပြီး ဆံပင်ပေါက်တဲ့အမြစ်လေးတွေကို ကာကွယ်ပေးပါတယ်။ ဆံပင်ဖြူရတာဟာ ဆံပင်ပေါက်တဲ့ အမြစ်လေးတွေကနေ ဆံပင်အရောင်ကျွတ်လာတာကနေ စတင်တာပါ။ ဒါ့ကြောင့် အုန်းဆီကို ခေါင်းမလျှော်ခင်လိမ်းပေးပြီး ဆံပင်ဖြူတာကို ကြိုတင်ကာကွယ်လို့ရပါတယ်။

ဆံပင်ကျွတ်ခြင်း

အုန်းဆီမှာ ကျန်းမာတဲ့ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေပါဝင်လို့ ဦးရေပြားကို သန့်စင်ပေးပြီး ဆံပင်အမြစ်လေးတေါကို သန်စွမ်းခိုင်မာစေပါတယ်။

အုန်းဆီကို ညအိပ်ယာမဝင်ခင် လိမ်းပေးပြီး ဦးရေပြားထဲ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ ပြီးရင် ညလုံးပေါက်ထားပါ။ အုန်းဆီအခဲဆိုရင် ခွက်အသေးထဲ အုန်းဆီအခဲထည့် ခွက်အကြီးထဲ ရေနွေးထည့်ပြီး အရည်ပျော်အောင်လုပ်ရမှာဖြစ်ပါတယ်။ ပြီးမှ ဦးရေပြားပေါ် လိမ်းပေးရမှာပါ။

ဒီလိုမှမဟုတ်ရင်လည်း အုန်းဆီကို ဆံပင်အရင်းကနေ အဖျားထိလိမ်းပေး၊ ဦးရေပြားပေါ်မှာလည်းလိမ်းပေးပြီး ခဏလောက် နှိပ်ပေးပါ။ ပြီးရင် ၁၅ မိနစ် ကနေမိနစ် ၃၀ ထိထားပေးပါ။ အဲဒီနောက် ခေါင်းလျှော်ချပေးပါ။