ခြေသည်းလက်သည်းတွေမှာ မှိုဆွဲတာကို သဘောကျတဲ့သူရှိလား။ စာဖတ်သူတို့ကော ဘယ်လိုသဘောရပါသလဲ။ စာဖတ်သူတို့ရဲ့အဖြေက နိုး ဆိုရင် ကျွန်မနဲ့ သဘောထားချင်းတိုက်ဆိုင်ပါတယ်နော်။

တကယ်လို့ မှိုဆွဲတာကို သဘောမကျဘူးဆိုရင် ဒါလေးကိုဖတ်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ

ပန်းသီးရှလကာရည်

ရေနွေး

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကရှာရလွယ်ပါတယ်နော်။ ခြေသည်းကိုလုပ်မယ်ဆိုရင် ခြေထောက်ထည့်လို့ရတဲ့ အိုးတစ်လုံးထဲကို ပန်းသီးရှလကာရည် ထည့်ပြီး မိနစ်နှစ်ဆယ်လောက်စိမ်ထားပါ။ ပြီးရင် ခြေထောက်ကိုသုတ်ပါ။

အဲဒီနောက် ရေလှဲပြီး ခြေထောက်ကို မိနစ် ၂၀ လေက်စိမ်ပါ။ ပြီးရင် မှုန့်ဖုတ်ဆိုဒါထည့်ပြီး မိနစ် ၂၀ လောက်ထပ်စိမ်ထားပါ။

တကယ်လို့ မှိုအရမ်းများတယ်ဆိုရင် တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လောက်လုပ်ပေးပါ။

လက်သည်းမှိုဆွဲခြင်း

လက်သည်းမှိုဆွဲတာတွေအတွက် မှုန့်ဖုတ်ဆိုဒါနဲ့ ရေနွေးထည့်ပါ။ ပြီးရင် ဝါဂွမ်းနဲ့စွတ်ပြီး မှိုဆွဲနေတဲ့ လက်သည်းပေါ်မှာ လိမ်းပေးပါ။ ၁၀မိနစ်လောက်ထားပြီး Brush (သို့) သွားပွတ်တံနဲ့တိုက်ကာ ရေဆေးချပါ။ တစ်နေ့ကို ၂ ကြိမ်လောက်လုပ်ပေးပါ။

Source: davidwolfe.com

Source: naturalcarebox.com