စအိုကိုယားယံစေတဲ့ ပင်အပ်ပုံသန်ကောင်တွေကို ၃၀ ရာခိုင်နှုန်းသော ကလေးငယ်တွေအပြင် အရွယ်ရောက်ပြီးသားလူကြီးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ တစ်လက်မ တစ်ဝက်လောက်သာ အရွယ်အစားရှိတဲ့အတွက်ကြောင့် မျက်စိနဲ့ လွယ်လွယ်မမြင်နိုင်ပါဘူး။
ဒီလိုသေးငယ်တဲ့ ပင်အပ်ပုံသန်ကောင်တွေ ကိုယ့်ဆီမှာရှိနေပြီဆိုပါက ခံစားကြုံတွေ့ရမယ့် လက္ခဏာတွေကတော့ စအိုယားယံခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်းတို့ဖြစ်ပါတယ်။
ရေရှည်မကုသဘဲ ထားလိုက်ပါက မတွေးနိုင်လောက်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်လို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။
ကြက်သွန်နီ
Source: gwillimdalefarms.com
ကြက်သွန်နီတွေမှာပါဝင်တဲ့ ဆာလဖာတွေကို သန်ကောင်တွေကို တစ်ရက်နှစ်ရက်အတွင်း ကျစေပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ ကြက်သွန်နီ တစ်လုံးနှစ်လုံးလောက်ကို အခွံခွာ၊ ရေသေချာဆေးကာ ပါးပါးလေးတွေလှီးပါ။ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး တစ်ည သို့မဟုတ် အနည်းဆုံး ၁၂ နာရီရေစိမ်ထားပါ။ ပြီးရင် အရည်စစ်လိုက်ကာ တစ်ရက်လျှင် သုံးကြိမ်ကို နှစ်ရက်ဆက် သောက်ပေးပါ။
ဒိန်ချဉ်
Source: medicalnewstoday.com
Probiotics တွေကြွယ်ဝတာကြောင့် အစာခြေစနစ်အတွင်းရှိ ဘက်တီးရီးယားတွေကို ပြန်လည်ထိန်းသိမ်းပေးပြီး အန္တရာယ်ဖြစ်စေမယ့် ဘက်တီးရီးယားများကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် တစ်ကြိမ် ခွက်တစ်ခွက်စာ ဒိန်ချဉ်ကိုစားပေးပါ။
ဖရုံစေ့
Source: theglassjar.com.au
ဖရုံစေ့ကို စားသုံးပေးပါက သန်ကောင်တွေကို ခန္ဓာကိုယ်တွင်းမှ ဖယ်ရှားရာတွင် ပိုမိုလွယ်ကူစေပါတယ်။ ဖရုံစေ့အစိမ်း တစ်ခွက်ကို ရေတစ်ခွက်ခွဲနဲ့ရောကာ ကြိတ်ပေးပါ။ မနက်အိပ်ယာနိုးလို့ ဗိုက်ထဲမှာ အစာမရှိခင် စားသုံးပေးပါ။
မုန်လာဥနီ
Source: thelunchlady.ca
မုန်လာဥနီတွေမှာ ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်နှင့် အူမကြီးအလုပ်လုပ်မှုကို တိုးတက်စေပါတယ်။ အလယ်အလတ် မုန်လာဥနီတစ်လုံးကို ရေစင်အောင်ဆေးကာ အခွံခွာပြီး ထမင်းစားရင်းနဲ့တွဲစားပါ။
Featured Image Source: ablairlaw.com