ကိုယ်စားတဲ့ အစားအစာမှာဘဲဖြစ်ဖြစ်၊ ကိုယ်သောက်တဲ့ အရည်တစ်မျိုးမျိုးမှာဘဲဖြစ်ဖြစ် ဗားရက်စ်၊ ဘက်တီးရီးယား၊ အဆိပ်အတောက်၊ ကပ်မွှားကောင်နဲ့ ဓာတုပစ္စည်းတွေ ပါနေရင် အစာအဆိပ်သင့်တတ်ပါတယ်။ တချို့ အစာအဆိပ်သင့်တဲ့ လက္ခဏာတွေက အစာစားပြီး နာရီအနည်းငယ်ကြာမှ ပြတတ်ပါတယ်။

အစာအဆိပ်သင့်ရင် ခေါင်းမူ၊အော့အန်၊ ခေါင်းကိုက်၊ မူးဝေနဲ့ ဝမ်းဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။ အစာအဆိပ်သင့်ကို လျစ်လျူမရှုသင့်ပါဘူး။ အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ပြင်းထန်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဆရာဝန်နဲ့ ပြသဖို့ အလှမ်းဝေးနေရင် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ သက်သာ ပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

ဂျင်း

ဂျင်းက အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် အရေးကြီးတဲ့ အိမ်သုံး ဆေးဝါးဖြစ်ပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ဂျင်း အရည် အနည်းငယ်နဲ့ အတူရောပြီး သောက်လိုက်ရင် နာကျင်ယောင်ယမ်းမှုတွေကို ပျောက်စေပါတယ်။ ဂျင်းကို အကွင်းလိုက်လှီးပြီး အစိမ်းစားလိုက်ရင် အစာအိမ်ထဲက အက်ဆစ် အဆင့်ကို တိုးစေပြီး အစာပိုချေလွယ်အောင် ကူညီပေးပါတယ်။

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည်က အစာဆိပ်သင့်တာအတွက် အကောင်းဆုံးပါဘဲ။ ဘာအစာမှမစားခင်မှာ ပန်းသီး ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနွေးပူပူတစ်ခွက်နဲ့ ရောပြိး သောက်လိုက်ပါ။ ဘက်တီရီးယားတွေကို သေစေနိုင်ပြီး အစာအဆိပ်သင့်တာကို ပျောက်ကင်းစေပါတယ်။

သံပုရာသီး

သံပုရာသီးမှာ ဘက်တီးရီးယား ပိုးမွှားကို သေစေနိုင်တဲ့အပြင် ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ သံပုရာသီးတစ်လုံးကို ရေတစ်ခွက်ထဲမှာ ညှစ်ထည့်လိုက်ပြီး သောက်ပေးပါ။ တတ်နိုင်သမျှမျှ များများ သောက်ပေးပါ။ ဒါက အစာအိမ်ကို ဆေးပေးပြီး ယောင်ယမ်းတာတွေကို လျော့နည်းစေကာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အစာအဆိပ်သင့်တာနဲ့ပတ်သက်ပြီး ဖြစ်တဲ့ ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။ တစ်နေ့ကို ငှက်ပျောသီး တစ်လုံး စားရင် ခွန်အားတွေရှိစေပါတယ်။ ငှက်ပျောသီး မှည့်တစ်လုံးကို စားပေးရုံပါပဲ။ အကယ်၍ အရသာရှိရှိ စားချင်ရင် ငှက်ပျောသီး ကို ဖျော်စက်နဲ့ ဖျော်ပြီး တစ်နေ့ကို ၃ ကြိမ် သောက်ပေးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားပိုးမွှားတွေနဲ့ မှိုရောဂါကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် နေ့တိုင်း အနည်းဆုံး ကြက်သွန်ဖြူ တစ်မွှာလောက် စားသုံးသင့်ပါတယ်။