ပန်းနာရင်ကျပ်ရောဂါက လူတော်တော်များများ ခံစားဖူးကြပါတယ်။ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက ချောင်းဆိုးမယ်၊ အသက်ရှူကျပ်မယ်၊ ရင်ဘတ်ထဲမှာ ကျပ်နေမယ် စတာတွေ ခံစားရပါမယ်။

ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ကုသနိုင်တဲ့ နည်းလမ်းကို ဝေမျှချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အဆုတ်ထဲမှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါကို သက်သာ ပျောက်ကင်းနိုင်ပါတယ်။ ခွက်တစ်ခွက်ရဲ့ ၄ ပုံ၁ပုံလောက်ထဲကို နွားနို့ထည့်ပြီး ကြက်သွန်ဖြူ ၃မွှာလောက်ကိုထည့်ကာ ပြုတ်လိုက်ပါ။ ပြီးရင် တစ်ရက်တစ်ခါသောက်ပါ။ တဖြည်းဖြည်းနဲ့ ပန်းနာရင်ကျပ်ရောဂါ သက်သာ ပျောက်ကင်းသွားမှာပါ။

ဂျင်း

ဂျင်းက ပန်းနာရင်ကျပ်ရောဂါအပါအဝင် ရောဂါတော်တော်များများကို ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။ ရုတ်တရပ် ရင်ကျပ်လာရင် ဂျင်းအစိမ်းကို ရေနဲ့ပြုတ်ပြီး ဂျင်းပြုတ်ရည်ကိုသောက်ချလိုက်ပါ။ ဒါဆိုရင် သက်သာသွားပါလိမ့်မယ်။ ဂျင်းအစိမ်းကို စားလည်းရပါတယ်။

ကော်ဖီ

ကော်ဖီကို နွားနို့မထည့်ဘဲ သောက်ရင်လည်း ရင်ကျပ်တာကို သက်သာစေပါတယ်။ ကော်ဖီပူပူကို နွားနို့မထည့်ဘဲ သောက်ရင် ပိုကောင်းပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့အရာတွေကို ဖယ်ရှားနိုင်ပြီး ရင်ကျပ်တာတွေကို သက်သာစေမှာပါ။ ဒါပေမယ့် တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက် ပိုမသောက်ဖို့တော့ အရေးကြီးပါတယ်။

ပျားရည်

ရင်ကျပ်နေရင် ပျားရည်ကို ရေနွေးပူပူနဲ့ ရောပြီး သောက်ရင် သက်သာနိုင်ပါတယ်။ အဲ့ဒီအပြင် ပျားရည်အနံ့လေးကိုပါ ရှူလိုက်ရင် အသက်ရှူကျပ်တာတွေကို သက်သာစေပါတယ်။ ပျားရည်ကို သစ်ကြမ်းပိုးခေါက်အနည်းငယ်နဲ့ ရောပြီး နေ့စဉ် ညမအိပ်ခင်မှာတစ်ဇွန်းလောက်သောက်ရင် ပန်းနာရင်ကျပ်ကို သက်သာပျောက်ကင်းနိုင်ပါတယ်။

သံပုရာသီး

သံပုရာသီးမှာ ဗီတာမင်တွေ၊ Anti-Oxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ပန်းနာရင်ကျပ်ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ သံပုရာသီး၁လုံးရဲ့ တစ်ဝက်ကို ရေနဲ့ ဖျော်ကာ သကြားအနည်းငယ်ထည့်ပြီးသောက်ပေးသင့်ပါတယ်။