အခုနောက်ပိုင်း ကမ္ဘာအရှေ့ဘက်ခြမ်းက အစားအစာတွေကို ကမ္ဘာအနောက်ဘက်ခြမ်းက စားသုံးနေကြပါပြီ။

ဒါပေမယ့် တစ်ချို့ အစားအစာတွေက အရည်အသွေးမကောင်းတာ၊ အတုတွေလည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ရွေးချယ်ရာမှာ သတိထားရမယ့် နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက် (Cinnamon) က အသားလေးတွေ ပါးပြီး အနား ၂ ဖက်လုံးက လိပ်ဝင်နေကြပါတယ်။ Chinese Cassia နဲ့ မှားလေ့ရှိပါတယ်။ Chinese Cassia က အသားထူပြီး အနား ၁ ဖက်တည်း လိပ်ဝင်နေတာပါ။ သစ်ကြမ်းပိုးခေါက် အမှုန့်ကို စမ်းချင်ရင်လည်း အမှုန့်ထဲကို အိုင်အိုဒင်းတစ်စက်လောက် ထည့်လိုက်ပါ။ ပြာသွားရင် သစ်ကြမ်းပိုးခေါက်မဟုတ်ဘဲ Chinese Cassia ဖြစ်ပါတယ်။

ငရုတ်ကောင်းအမည်း

ငရုတ်ကောင်းအမည်းမှာ မျက်နှာပြင် အစေ့က မညီမညာ အရေးအကြောင်းတွေနဲ့ ဖြစ်ပြီး အရွယ်အစားက ၃ ကနေ ၅ မီလီမီတာ ရှိပါတယ်။ အညိုရောင် ဖြစ်ပါတယ်။

အဖြူရောင် ငရုတ်ကောင်း

အဖြူရောင် ငရုတ်ကောင်းက ကော်ဖီ အရောင်ဖြစ်ပြီး အခွံလည်း မပါပါဘူး။

ဂျင်း

ဂျင်းမျိုးကောင်းတစ်ခုက အခွံပါးပြီး အသားပြည့်ကာ အဝါနုရောင်သန်းနေတာဖြစ်ပါတယ်။ ဂျင်းက နုနုလေးတွေက ပိုကောင်းတာကြောင့် အတက်သေးသေးလေးတွေ ပါနေပြီဆိုရင်တော့ နည်းနည်းရင့်နေပါပြီ။

နနွင်း

နနွင်းတောင်မှ အတုအပတွေ ထွက်ရှိနေပါတယ်။ တချို့ အမှုန့်တွေကို အရောင်ဆိုးပြီး နနွင်းလုပ်လာတာတွေရှိပါတယ်။ နနွင်းအစစ်ဟုတ်မဟုတ်ကို သိချင်ရင် အမှုန့်ကို ရေထဲထည့်ဖျော်ကြည့်ပါ။ ရေပေါ်မှာ အဖြူရောင် အဖတ်လေးတွေ ပေါ်လာရင်တော့ သဘာဝနည်းဖြင့်လုပ်တဲ့ နနွင်း မဟုတ်ပါဘူး။ နနွင်းထုတ်တဲ့ Cucumin ပင်စည်က အဝါရောင်သို့မဟုတ် လိမ္မော်ရောင်ရှိပါတယ်။ အခွံကပါးပြီး အရောင်တောက်တောက်ရှိပါတယ်။ ပင်စည်က မပျော့ပါဘူး။