ဓားရှဒဏ်ရာတွေဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ချက်ပြုတ်နေစဉ်အတွင်းဖြစ်စေ၊ ဥယျာဉ်ခြံပျိုးနေစဉ်ဖြစ်စေ၊ အိမ်အပြင်အဆင်လုပ်နေခြင်းဖြစ်စေ စသဖြင့် အလုပ်တွေလုပ်နေချိန်မှာ ဒဏ်ရာရတတ်ပါတယ်။ ဒီလိုဒဏ်ရာမျိုးတွေက သိပ်ပြီးပြင်းထန်လေ့မရှိဘဲ သွေးတိတ်ရပ်ပြီး အလိုလိုသက်သာသွားတတ်ပါတယ်။

ဒါပေမယ့်လည်း သေချာဂရုတစိုက်ရှိဖို့နဲ့ ပြောင်စင်အောင်သန့်ရှင်းပေးဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် မိနစ်အနည်းငယ်အတွင်းမှာ သွေးတိတ်ရပ်စေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အခြေခံနည်းလမ်း

အဆင့် (၁)

သန့်ရှင်းတဲ့လက်တွေနဲ့ သွေးထွက်နေတဲ့ အနာပေါ်ကို ၁၀ မိနစ်ခန့် ဖိနှိပ်ထားပေးပါ။

အဆင့် (၂)

ဖုန်နဲ့အညစ်အကြေးတွေကင်းစေဖို့အတွက် ရေနဲ့သန့်ရှင်းရေးလုပ်ပေးပါ။

အဆင့် (၃)

သွေးထွက်တိတ်စေဖို့နဲ့ အနာပိတ်သွားဖို့အတွက် ရေခဲတုံးတင်လိုက်ပါ။

အကယ်၍ အထက်ဖော်ပြပါ အခြေခံနည်းလမ်းနဲ့ သွေးမတိတ်သေးဘူးဆိုရင်တော့ အောက်ဖော်ပြပါ နည်းလမ်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

၁။ ကော်ဖီမှုန့်များ

ကိုယ်အမြဲသောက်သုံးနေတဲ့ ကော်ဖီမှုန့်တွေက ဒီလိုကောင်းကျိုးပေးနိုင်လိမ့်မယ်လို့ မထင်ထားမိလောက်ပါဘူး။

ကော်ဖီမှုန့်တွေကို အနာပေါ်တင်လိုက်ပြီး ၁၀ မိနစ်ပြည့်လျှင် ဖယ်ပစ်လိုက်ပါ။ ဒဏ်ရာသေးသေးလေးတွေဆိုလျှင် သွေးထွက်တာ ချက်ချင်းတိတ်ပေမယ့်လည်း သွေးဆက်ထွက်နေပါက တနေ့လျှင် သုံးကြိမ်ပြုလုပ်ပေးပါ။

၂။ ပျားရည်

ပျားရည်ကထုတ်လုပ်ပေးတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်က အနာကိုပိုးသတ်ပေးပြီး အနာမြန်မြန်ကျက်အောင် ကူညီပေးပါတယ်။

အနာပေါ်မှာ ပျားရည်များများ သုတ်လိမ်းပေးပြီး ပွနေတယ်လို့ထင်ရရင် ပတ်တီးစီးပေးထားနိုင်ပါတယ်။ ၁၀ မိနစ်စောင့်ပြီးလျှင် ရေနှင့်ဆေးကြောပေးပါ။ သွေးမတိတ်သေးဘူးဆိုလျှင် ပျားရည်ထပ်လူးပေးပါ။ ၁၅ စက္ကန့်လောက်အတွင်းတွင် သွေးတိတ်စေနိုင်ပေမယ့်လည်း ပိုးသေစေဖို့အတွက် ၁၀ မိနစ်ထားပေးပါ။

၃။ Vaseline

Vaseline က အနာပေါ်မှာ အကာအနေနဲ့ တည်ရှိပေးတဲ့အတွက် ပိုးဝင်ခြင်းမှကာကွယ်ပေးပြီး သွေးထွက်တာကို ရပ်တန့်စေပါတယ်။

Vaseline အနည်းငယ်ကို လက်ချောင်းနဲ့ယူလိုက်ပြီး အနာတစ်ခုလုံးပေါ်ကို သုတ်လိမ်းပေးပါ။ နှစ်မိနစ်မှ သုံးမိနစ်အတွင်း သွေးထွက်တာတိတ်သွားပါလိမ့်မယ်။

Credit: FabHow