[Unicode]
မိန်းကလေးဖြစ်ပြီး နူတ်ခမ်းမွှေးကြီးနဲ့ဆိုပြီး တပါးသူလောင်ပြောင်တာကို မခံချိမခံသာဖြစ်နေလား။ အမွှေးကိုရိတ်ပေမယ့် ပိုပိုထူထူလာလို့ စိတ်ညစ်နေလား။ သဘာဝနည်းလမ်းနဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားလိုက်ရအောင်နော်။
ပါဝင်ပစ္စည်း
ကုလားပဲမှုန့် ခွက် (ပန်းကန်လုံ) တစ်ဝက်
နို့ (ရေခွက်) ၁ ဝက်
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခရင်မ်တမျိုးမျိုး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို အစဉ်လိုက်ရောပြီး ပျစ်ပျစ်လေးဖြစ်အောင်ဖျော်ပါ။
ပြီးရင် နှုတ်ခမ်းမွှေး ပသိုင်းမွှေး စတဲ့ မလိုအပ်တဲ့အမွှေးတွေ ရှိတဲ့နေရာမှာ လိမ်းပေးပါ။ နာရီဝက် တစ်နာရီလောက် ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုရင် အမွှေးရဲ့လားရာဖက်ကနေ ရေနွေးနဲ့ဆေးချပါ။ ဆိုလိုတာက အမမွှေးက ဘယ်ဖက်ယိမ်းနေရင် ညာဖက်ကို ပွတ်ပြီး ဆေးချပေးရမှာပါ။
တစ်ပတ်ကို ၃ ကြိမ်လုပ်ပါ။ နှစ်ပတ်ဆိုရင် သိသာတဲ့ ရလဒ်ရပါလိမ့်မယ်။
[Zawgyi]
ပါဝင်ပစ္စည်း
နို့ (ရေခွက်) ၁ ၀က်
ပြုလုပ်နည်း