တခါတလေ နားအူပြီး နားကနေ အသံတစ်ခုခု ကြားရသလို ခံစားဖူးကြမှာပါ။ အဲဒီလိုဖြစ်တာဟာ နားထဲမှာ ဖယောင်းများနေတာ၊ နားထဲ ပိုးတစ်ခုခုဝင်တာ (သို့) နားထဲမှာ ဒဏ်ရာရှိတာကြောင့် ဖြစ်ရတာပါ။ နားတစ်ဖက်တည်း အူတာဖြစ်နိုင်သလို နှစ်ဖက်စလုံးလည်း အူတတ်ပါတယ်။

ဒါ့ကြောင့် အကြားအာရုံမှာ အနှောင့်အယှက်အနည်းငယ်ရှိပြီး ခေါင်းကိုက်လို့ စိတ်ညစ်ရပါတယ်။ အဲဒီလို ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေချင်ပါတယ်။

၁။ နှမ်းဆီ

နှမ်းဆီမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေပါဝင်ပြီး နားအတွင်းဖက်က ဒဏ်ရာတွေကိုသက်သာစေသလို နားအူတာကို သက်သာစေပါတယ်။ နားထဲကို တိုက်ရိုက်ထည့်ပြီး နားထဲမှာပိတ်နေတဲ့ ချေးတွေ ဖယောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အရင်ဆုံး နှမ်းဆီအသန့် ၅ စက်လောက် နားထဲကို ထည့်လိုက်ပါ။ နှမ်းဆီ မပူတာကို သုံးပါ။ ၂ မိနစ် ၃ မိနစ်လောက်ထားပြီးရင် တစ်ရှုးနဲ့ သန့်စင်လိုက်ပါ။

၂။ အုန်းဆီ

အုန်းဆီကလည်း ရောင်ရမ်းမှုကို သက်သာစေသလို၊ ဘက်တီးရီးယားကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

နားထဲကို အုန်းဆီ အသန့် ၃ စက်မှ ၅ စက်ထိထည့်လိုက်ပြီး ၃ မိနစ်လောက်ထားကာ သန့်ရှင်းပေးလိုက်ပါ။

၃။ သံလွင်ဆီ

သံလွင်ဆီမှာ Antioxidant နဲ့ Fatty Acid ပါဝင်ပြီး နားအူတာကို သက်သာစေပါတယ်။

သံလွင်ဆီ အသန့် ကို အပူပေးလိုက်ပါ။ အရမ်းလည်းမပူ အရမ်းလည်းမအေးအောင်ထားပြီး နားထဲကို ၃ စက်လောက်ထည့်လိုက်ပါ။ ၃ မိနစ်လောက် ထားပြီး သန့်ရှင်းပေးလိုက်ပါ။