ယခုလိုရာသီအကူးအပြောင်းမျိုးမှာ ကလေးတွေချောင်းဆိုးရက်ရှည်တာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ကြုံတွေ့ရတတ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ သင့်ရဲ့အနီးနားက ကလေးသူငယ်တွေချောင်းဆိုးလာရင် အချိန်တိုအတွင်းသက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်းလေးတွေရှိနေတာပါပဲ။ ဒါကြောင့် လွယ်ကူလျင်မြန်ပြီး သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းဆေးမြီးတိုနည်းလမ်းကောင်းများကို တင်ဆက်ပေးမှာမို့ လက်မလွတ်ရအောင် ခုပဲ saveထားလိုက်တော့နော်။

(၁) ကြက်သွန်အဖြူ အနီရောထားတဲ့နို့တိုက်ပါ

ကြားရတာနဲ့တင် အရသာကိုမှန်းဆကြည့်ပြီး ပခုံးတွန့်ချင်စရာပါ။ ဒါပေမဲ့ အအေးမိ၊ ချောင်းဆိုး၊ အဖျားတက်၊ လည်ချောင်းနာစတာတွေကို အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်တာကတော့ ကြက်သွန်တွေရဲ့အာနိသင်ပါပဲ။ ကြက်သွန်နီဥသေးသုံးဥနဲ့ ကြက်သွန်ဖြူတစ်မွှာကို အစိပ်စိပ်လှီးပြီး နို့တစ်လီတာနဲ့ရောကြိုရပါမယ်။ ကြက်သွန်ဖက်တွေနူးအိသွားပြီဆိုရင်တော့ အရည်စစ်ထုတ်ပြီး ပျားရည်အနည်းငယ်ရောကာ သောက်သုံးနိုင်ပြီဖြစ်ပါတယ်။

(၂) နာနတ်သီးဖျော်ရည်တိုက်ပါ

နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဆိုတဲ့ဓာတ်တမျိုးဟာဆိုရင် ရောင်ရမ်းမှုတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် နာနတ်သီးဖျော်ရည်ဟာ လည်ချောင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေကိုလျော့ကျစေတာကြောင့် ချောင်းဆိုးခြင်းကိုသက်သာစေနိုင်ပါတယ်။နာနတ်သီးဖျော်ရည်ထဲမှာမှ ဂျင်းနဲ့ပျားရည်အနည်းငယ်ရောတိုက်မယ်ဆိုရင်တော့ ပိုမိုသက်သာစေနိုင်ပါတယ်။

(၃) ဂျင်းကပ်ခွာကပ်ပေးပါ

ဒီနည်းလမ်းဟာဆိုရင် အိမ်တိုင်းမှာရှိနေနိုင်မယ့် ပစ္စည်းမျိုးတွေနဲ့ပြုလုပ်နိုင်မယ့်အပြင် အထိရောက်ဆုံးလဲသက်သာစေနိုင်ပါတယ်။ပါဝင်ပစ္စည်းတွေကတော့ ဂျုံအနည်းငယ်၊ပျားရည်၊သံလွင်ဆီနဲ့ စားပွဲတင်ဇွန်းတစ်ဇွန်းစာ ဂျင်းမှုန့်တို့ဖြစ်ပါတယ်။ပါဝင်ပစ္စည်းအားလုံးကိုရောနယ်ကာ လက်ကိုင်ပုဝါတစ်ခုပေါ်ဖြန့်ပြီး ကလေးရဲ့ရင်ဘတ်ပေါ်ဠ် အိပ်ရာမဝင်ခင်သုံးနာရီအလိုမှာ ကပ်ထားပေးရမှာပဲဖြစ်ပါတယ်။

(၄) ဆားကိုခြေဖဝါးမှာ ကျပ်စည်းပေးပါ

ခြေဖဝါးကို နွေးနွေးထွေးထွေးဖြစ်အာင် ထားပေးခြင်းကလဲ ချောင်းဆိုးခြင်းကိုသက်သာစေပါတယ်။ပင်လယ်ဆားအနည်းငယ်ကို အတော်အသင့်အပူပေးပြီး ကလေးရဲ့ခြေဖဝါးမှာကပ်ပြီး ပတ်တီးပတ်ပေးထားရပါမယ်။ ဆားတွေအေးသွားတာနဲ့ အကုန်ပြန်ခွာပြီး ခြေအိတ်လေးစွတ်ပေးထားရုံပါပဲ။

(၅) ငှက်ပျောသီးပျားရည်စိမ်ကျွေးပါ

ဒီနည်းလေးကတော့ ချောင်းဆိုးရင်ကျပ်ခြင်းကို အထိရောက်ဆုံးသက်သာစေမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ ရေကိုအပူပေးထားပြီး ငှက်ပျောသီးကိုအနှစ်ရသည်အထိခြေပါ။ပြီးရင်ငှက်ပျောသီးအနှစ်ကို အိုးထဲထည့်ပြီး အပူပေးထားတဲ့ရေကိုရောပြီး မိနစ်သုံးဆယ်ခန့်စိမ်ပါ။အအေးခံပြီးတာနဲ့ ပျားရည်တဇွန်းရောပြီး သင့်ကလေးအားတနေ့လေးကြိမ် 100mlစီ ကျွေးနိုင်ပါတယ်။