အသက်ကြီးလာတဲ့ အမျိုးသားတွေမှာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ပြဿနာကို အများဆုံးတွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် အမျိုးသား ၁၃ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇ ရာခိုင်နှုန်းက ကျောက်ကပ်မှာ ကျောက်တည်တာကို ခံစားကြရပါတယ်။

ကယ်ဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစားအစာ

ကယ်ဆီယမ်ဓာတ် နည်းတဲ့ အစားအစာများကို စားသုံးတာများရင် ကျောက်ကပ်ထဲမှာ ကျောက်တည်တာတွေ ဖြစ်တတ်ပါတယ်။ ကိုက်လံရွက်က ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး နွားနို့ကိုလည်း သောက်သုံးသင့်ပါတယ်။

ဆား လျော့စားပါ

အသင့်စား အစားအစာတွေထဲက ဆားတွေက ခန္ဓာကိုယ်အတွက် အန္တရာယ်များပါတယ်။ အဲ့ဒီဆားတွေက ကျောက်ကပ်မှာ ကျောက်တည်တာတွေဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဆားကို လျော့စားပြီး အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများ စားပေးပါ။

အချဉ်တွေ စားပေးပါ

အချဉ်ဓာတ်တွေရနိုင်တဲ့ သံပုရာသီး၊ သံပုယိုသီးတွေက ကျောက်ကပ်မှာ ကျောက်တည်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ သံပုရာရည်က ကျောက်ကပ် ကျောက်တည်တာတွေအတွက် အကောင်းဆုံးပါဘဲ။

ဆိုဒါ ဖျော်ရည်တွေ လျော့သောက်ပါ

ဆိုဒါက ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဆိုဒါမှာပါဝင်တဲ့ ဖော့စပရက်စ် အက်ဆစ်က ဆီးအိမ်ထဲမှာ ကျောက်တွေ ဖြစ်ပေါ်လာအောင် အားပေးပါတယ်။

ရေများများသောက်ပါ

ရေဓာတ် ချို့တဲ့တာက ကျောက်ကပ်မှာ ကျောက်တည်တာတွေနဲ့ ဆက်စပ်နေပါတယ်။ ရေတွေအများကြီး သောက်သုံးတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ကျောက်ကပ်ကျောက်တည်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

ရေနွေးကြမ်းလျော့သောက်ပါ

ရေနွေးကြမ်းတွေမှာ Oxalate ဓာတ်တွေပါဝင်တာကြောင့် ရေနွေးကြမ်းများများသောက်ခြင်းက ကျောက်ကပ်တွေကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်တဲ့သူတွေက ရေနွေးကြမ်းကလို လျော့သောက်သင့်ပါတယ်။

Featured Image Source: affiliatehub.club