[Zawgyi]
ညဘက္ သူငယ္ခ်င္းေတြနဲ႔ အတူ အရက္ေသာက္တာ ေပ်ာ္ဖို႔ေကာင္းသေလာက္ မနက္က်ရင္ အရက္နာက်တာ အရမ္းကို ပင္ပန္းၿပီး ခံရခက္ပါတယ္။
မအီမသာ၊ ပ်ိဳ႕အန္၊ ေခါင္းကိုက္၊ မူးေ၀၊ ေမာပန္းႏြမ္းနယ္၊ စိတ္မတည္ၿငိမ္၊ စိတ္ဖိစီးမႈစတဲ့ ေ၀ဒနာေတြ ခံစားရပါလိမ့္မယ္။
အရက္နာတာက ခံရခက္လြန္းလို႔ တခါတေလ ေနာက္ဆို ဘယ္ေတာ့မွ အရက္မေသာက္ေတာ့ဘူးလို႔ကို ကိုယ့္ကိုကို ကတိေတြေတာင္ ေပးမိေနမွာပါ။
ဒါေပမယ့္လည္း ျပန္ေသာက္တာပါဘဲ။ အရက္နာက်တာ မျဖစ္ေအာင္ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို ေ၀မွ်ခ်င္ပါတယ္။
အဆီမ်ားတဲ့ အစားအစာကို မေသာက္ခင္နဲ႔ ေသာက္ေနခ်ိန္မွာ စားပါ
Source: Eater Austin
အဆီက ၿဖိဳခြဲဖို႔ အေႏွးဆံုး macronutrient ျဖစ္တာေၾကာင့္ အရက္ေတြကို အစာေျခဖ်က္ရာမွာလည္း ေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္ အရက္မေသာက္ခင္ နဲ႔ ေသာက္ေနခ်ိန္မွာ ေထာပတ္သီး၊ အခြံမာသီး နဲ႔ ခ်ီစ္တို႔ စားပါ။
အရက္တစ္ခြက္ေသာက္တိုင္း ေရတစ္ခြက္ေသာက္ပါ
Source: Every Food Fits
ေရဓာတ္ခမ္းေျခာက္မႈမျဖစ္ဖို႔က အရမ္းကို အေရးႀကီးပါတယ္။ အရက္ေသာက္သံုးတာမ်ားရင္ ခႏၶာကိုယ္အတြင္း ေရဓာတ္ခမ္းေျခာက္ၿပီး ေခါင္းကိုက္၊ ပ်ိဳ႕အန္တာေတြ ျဖစ္တတ္ပါတယ္။
အရက္ေသာက္ေနခ်ိန္ နဲ႔ မေသာက္ခင္မွာ ဆားပါတဲ့ အစားအစာကို စားပါ
အရက္ေသာက္ရင္ ေရဓာတ္ခမ္းေျခာက္ရုံသာမက Electrolytes ဓာတ္ေတြပါ ဆံုးရႈံးေစပါတယ္။ ဆားက အဲ့ဒီ ဓာတ္ေတြကို ျပန္လည္ျဖည့္တင္းေပးပါတယ္။
ဗီတာမင္ B ဓာတ္ ၾကြယ္၀တဲ့ အစားအစာေတြ စားပါ
Source: VinePair
Electrolytes ဓာတ္ဆံုးရႈံးရုံသာမက ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါ ဆံုးရႈံုးပါတယ္။ ဗီတာမင္ B ဓာတ္ မလံုေလာက္ရင္ အလြန္အမင္း ပင္ပန္းတာ၊ စိတ္ဓာတ္က်တာ နဲ႔ စိတ္လႈပ္ရွားတာတုိ႔ျဖစ္ေစပါတယ္။
ဒါေၾကာင့္ ၾကက္ဥ၊ ၾကက္သား နဲ႔ ႏို႔ ထြက္ ပစၥည္းမ်ားကို စားသံုးပါ။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေအာင္ အိပ္ပါ
Source: NIH
အရက္ေသာက္ၿပီး အိပ္ေရး ၀၀အိပ္ပါ။ အရက္ေသာက္ၿပီး အိပ္ခ်င္ေပမယ့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ ခက္ခဲပါတယ္။ ဒါေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေအာင္ အိပ္ပါ။
[Unicode]
ညဘက် သူငယ်ချင်းတွေနဲ့ အတူ အရက်သောက်တာ ပျော်ဖို့ကောင်းသလောက် မနက်ကျရင် အရက်နာကျတာ အရမ်းကို ပင်ပန်းပြီး ခံရခက်ပါတယ်။
မအီမသာ၊ ပျို့အန်၊ ခေါင်းကိုက်၊ မူးဝေ၊ မောပန်းနွမ်းနယ်၊ စိတ်မတည်ငြိမ်၊ စိတ်ဖိစီးမှုစတဲ့ ဝေဒနာတွေ ခံစားရပါလိမ့်မယ်။
အရက်နာတာက ခံရခက်လွန်းလို့ တခါတလေ နောက်ဆို ဘယ်တော့မှ အရက်မသောက်တော့ဘူးလို့ကို ကိုယ့်ကိုကို ကတိတွေတောင် ပေးမိနေမှာပါ။
ဒါပေမယ့်လည်း ပြန်သောက်တာပါဘဲ။ အရက်နာကျတာ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။
အဆီများတဲ့ အစားအစာကို မသောက်ခင်နဲ့ သောက်နေချိန်မှာ စားပါ
Source: Eater Austin
အဆီက ဖြိုခွဲဖို့ အနှေးဆုံး macronutrient ဖြစ်တာကြောင့် အရက်တွေကို အစာခြေဖျက်ရာမှာလည်း လျော့ကျစေပါတယ်။ ဒါကြောင့် အရက်မသောက်ခင် နဲ့ သောက်နေချိန်မှာ ထောပတ်သီး၊ အခွံမာသီး နဲ့ ချီစ်တို့ စားပါ။
အရက်တစ်ခွက်သောက်တိုင်း ရေတစ်ခွက်သောက်ပါ
Source: Every Food Fits
ရေဓာတ်ခမ်းခြောက်မှုမဖြစ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ အရက်သောက်သုံးတာများရင် ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်ပြီး ခေါင်းကိုက်၊ ပျို့အန်တာတွေ ဖြစ်တတ်ပါတယ်။
အရက်သောက်နေချိန် နဲ့ မသောက်ခင်မှာ ဆားပါတဲ့ အစားအစာကို စားပါ
အရက်သောက်ရင် ရေဓာတ်ခမ်းခြောက်ရုံသာမက Electrolytes ဓာတ်တွေပါ ဆုံးရှုံးစေပါတယ်။ ဆားက အဲ့ဒီ ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။
ဗီတာမင် B ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ
Source: VinePair
Electrolytes ဓာတ်ဆုံးရှုံးရုံသာမက ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ဆုံးရှုံးပါတယ်။ ဗီတာမင် B ဓာတ် မလုံလောက်ရင် အလွန်အမင်း ပင်ပန်းတာ၊ စိတ်ဓာတ်ကျတာ နဲ့ စိတ်လှုပ်ရှားတာတို့ဖြစ်စေပါတယ်။
ဒါကြောင့် ကြက်ဥ၊ ကြက်သား နဲ့ နို့ ထွက် ပစ္စည်းများကို စားသုံးပါ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ
Source: NIH
အရက်သောက်ပြီး အိပ်ရေး ၀၀အိပ်ပါ။ အရက်သောက်ပြီး အိပ်ချင်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ။