မင်္ဂလာပါ ပျိုမေတို့ရေ… မိန်းကလေးတွေဆိုတာ အရွယ်ရောက်လာတဲ့အချိန်ကနေစပြီး ဓမ္မတာလာတာကို လတိုင်းတွေ့ကြုံနေရမှာပဲဖြစ်ပါတယ်။ လတိုင်းတွေ့ကြုံနေကျ အရာဖြစ်လို့စိတ်ပူနေစရာမလိုဘူးလို့လည်း တွေးထားလို့တော့မရသေးပါဘူး။ လစဉ် ဒီလိုအချိန်မျိုးကို ရောက်လာပြီဆိုရင် နာကျင်ကိုက်ခဲမှုတွေ၊ စိတ်မပျော်ရွှင်မှုတွေကြောင့် မိန်းကလေးတိုင်းစိတ်ညစ်နေရတော့တာပေါ့။ ဒီလိုမျိုးတွေ မဖြစ်အောင် ကိုယ့်ရဲ့ Period ချိန်လေးတွေနီးလာပြီဆိုတာနဲ့ ပြင်ဆင်ထားရမှာတွေကို ဖော်ပြပေးလိုက်မယ်နော်။

ဒီလိုအချိန်မျိုးကို စပြီဆိုတာနဲ့ အကိုက်ခဲပျောက်ဆေးတွေကို ကြိုပြီးတော့ဆောင်ထားသင့်ပါပြီ။ မိန်းကလေးတိုင်းက ဒီလိုအချိန်မျိုးကိုရောက်တာနဲ့ ကိုက်ခဲတဲ့ဝေဒနာတွေကြောင့် အလုပ်တွေလည်းမလုပ်နိုင်တော့ပဲ ပိုပြီးတော့စိတ်ညစ်ရတာပေါ့။

လိုအပ်တဲ့ပစ္စည်းတွေကို ကြိုပြီးတော့ဝယ်ထားပါ။ ဒီလိုရက်မျိုးနီးလာပြီဆိုရင် အရေးတကြီးလိုအပ်တဲ့ ပစ္စည်းတွေကိုယ့်မှာရှိနေလားဆိုတာကို သေချာစစ်ဆေးပြီး ဆောင်ထားသင့်ပါပြီ။ အပြင်သွားမယ်ဆိုရင်လည်း အိတ်ထဲမှာတစ်ခုလောက်တော့ အမြဲတမ်းဆောင်ထားသင့်ပါတယ်။ ဘယ်ချိန်မှာအရေးကြုံလာမယ်ဆိုတာ မသိနိုင်ဘူးလေ။

အိပ်ရေးဝဝအိပ်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ လူတစ်ယောက်က အိပ်ရေးကောင်းကောင်းဝနေရင် စိတ်လည်းကြည်လင်လန်းဆန်းနေစေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး period ချိန်တွေမှာ မိန်းကလေးတိုင်းက စိတ်အလိုမကျတာ၊ စိတ်မကြည်လင်တာမျိုးတွေဖြစ်တတ်တော့ အိပ်ရေးဝနေဖို့လိုအပ်ပါတယ်။

ကြိုက်နှစ်သက်တဲ့အစားစာမျိုးတွေကို ရွေးချယ်ပြီးတော့စားသုံးပါ။ ဒီလိုအချိန်မျိုးမှာ စိတ်အနှောက်အယှက်မဖြစ်နေစေဖို့အတွက်ဆိုရင် ကိုယ်ကြိုက်တာလေးတွေကို အိမ်မှာဝယ်ထားပြီး စားချင်စိတ်ဖြစ်လာတဲ့အချိန်တိုင်းမှာ စားပေးလို့ရတာပေါ့။

လှလှပပလေးဖြစ်အောင်နေပါ။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်တွေမှာ စိတ်ရှုပ်နေမယ်ဆိုတာကိုတော့ နားလည်ပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိနေဖို့ကလည်း အရေးကြီးတယ်လို့ဆိုလို့ရပါတယ်။ စိတ်ရှုပ်လို့ဆိုပြီး အလှမပြင်တာမျိုးတွေ၊ အဝတ်အစားဆိုရင်လည်း ပေါ့ပေါ့ပါးပါးတွေပဲ ဝတ်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ ယုံကြည်မှုရှိစေပြီး စိတ်ကိုလန်းဆန်းစေဖို့ ကိုယ်တိုင်ကလည်းလှလှပပလေးနေသင့်တာပေါ့။

Photo Source: Pinterest