မင်းကွပ်သီးအခွံမှာ ဗီတာမင်နဲ့ အဟာရဓါတ်တွေ ပြည့်ဝစွာပါဝင်ပါတယ်။

မင်းကွပ်သီးအခွံကို ဒီအတိုင်းစားမယ်ဆိုရင် ခါးသက်သက်ကြီးဖြစ်နေမှာပါ။ ဒီတော့ အိမ်မှာအလွယ်တကူပြုလုပ်နိုင်ပါတယ်။

ပြုလုပ်နည်း

မင်းကွပ်သီးမှည့် ၁ လုံး (သို့) ၂ လုံးကိုယူပြီး ရေသေချာဆေးပါ။

Mangosteen-1024x680

ပြီးရင် အထဲက စားလို့ရတဲ့ အစေ့ကိုထုတ်လိုက်ပါ။ သီးသန့်စားလို့ရသလို ဖျော်ရည်မှာ ထည့်ပြီးလည်းသောက်နိုင်ပါတယ်။

ပြီးရင် ဇွန်းကိုသုံးပြီး အခွံအတွင်းက နူးညံ့တဲ့အသားကို ခြစ်ယူပေးပါ။ အပြင်အခွံမာကိုတော့ မစားရပါဘူး။

ခြစ်ယူပြီးရင် ရေနွေး နဲ့ ပွက်ပွက်ဆူအောင် ၂ မိနစ် ၃ မိနစ်လောက်သည်ပေးပါ။ အခါးတွေထွက်သွားဖို့ဖြစ်ပါတယ်။

ပြီးရင်တော့ ရေထဲကဆယ်ယူလိုက်ပြီး ဖျော်စက်ထဲထည့်ပါ။ ပြုတ်ထားတဲ့အရည် ၁၀၀ မီလီလီတာ၊ ရေသန့် (သို့) ရေခဲရေ ၁၀၀ မီလီလီတာ၊ ပျားရည်ကိုလည်း ဖျော်စက်ထဲထည့်လိုက်ပါ။ တခြားသီးနှံတွေဖြစ်တဲ့ ထောပတ်သီး၊ စတော်ဘယ်ရီ၊ နာနတ်သီး၊ သံပုယိုသီး တစ်မျိုးမျိုးကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ပြီးရင် လုံး၀ ကြေညက်သွားတဲ့ထိဖျော်ပေးပါ။

11372152_1467276736928592_129581660_n

ပြီးရင်ခွက်တစ်လုံးထဲထည့်ပြီး ချက်ချင်းသောက်ပေးပါ။ ဒါမှမဟုတ်လည်း လေလုံတဲ့ ဘူးတစ်လုံးထဲထည့်ပြီး ရေခဲသေတာထဲမှာ ထည့်ထားပြီးသောက်ပေးနိုင်ပါတယ်။ မင်းကွပ်သီးအခွံဖျော်ရည်ကို အစားအစာပြီးမှသောက်ပေးပါ။ မစားရသေးခင်မှာမသောက်ပါနဲ့။ မင်းကွပ်သီးခွံမှာပါတဲ့ အက်ဆစ်ဓါတ်တစ်မျိုးက အစာအိမ်ကို အက်ဆစ်ဓါတ်ပုံပြီး ထုတ်ပေးမှာစိုးလို့ပါ။

နောက်တစ်နည်းကတော့

1279824.large

မင်းကွပ်သီးအထဲက အခွံကိုဇွန်းနဲ့သေချာခြစ်ယူပြီး ဖျော်စက်ထဲထည့်ကာဖျော်ပေးပါ။ ပျားရည်၊ သကြားနဲ့ ရေကိုအနေတော်ထည့်ပါ။ သကြားမစားတဲ့သူတွေ ပျားရည်များများထည့်ပါ။