သွေးတိုးရှိတဲ့သူတွေဟာ မကြာခဏဆိုသလို သွေးဖိအားများတာမျိုး ဖြစ်တတ်ပါတယ်။ ၁၄၀/၉၀ ထိတက်သွားတတ်ပါတယ်။ ဒီအတွက် သဘာဝနည်းလမ်းနဲ့ ကုသပေးလို့ရပါတယ်။

ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ရှောင်ရှားနိုင်ပြီး သဘာဝအတိုင်း သွေးဖိအားကျစေဖို့အတွက် အိမ်တွင်းဆေးနည်းတွေကို မျှဝေပေးချင်ပါတယ်။

ကြက်သွန်ဖြူ

လူတိုင်းနဲ့ရင်းနီးပြီးသား ကြက်သွန်ဖြူဟာ ကိုလက်စထရောနဲ့ သွေးဖိအားကို ယူပစ်သလို ကောင်းမွန်လှပါတယ်။

သွေးဖိအားများပြီဆိုရင် ကြက်သွန်ဖြူ ၂ စိတ်လောက်ကို ပါးပါးလှီးပြီး သံပုရာသီးညှစ်ထည့်ကာ ဝါးပေးပါ။ အနံ့ဆိုးပေမယ့် တကယ်ထိရောက်ပါတယ်။

ပုံမှန်ဆိုရင်တော့ တစ်နေ့ကို ကြက်သွန်ဖြူ ၂ မွှာပုံမှန်စားပေးသင့်ပါတယ်။

ငှက်ပျောသီးစားပါ။

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓါတ်များစွာပါဝင်လို့ ဆိုဒီယမ်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ တစ်နေ့ကို ငှက်ပျောသီး ၂ လုံးပုံမှန်စားပေးရင် သွေးပေါင်ချိန်မှန်စေမှာပါ။

သံပုရာရည်သောက်ပါ။

သံပုရာသီးကိုအရည်ညှစ်ပြီး ရေအပြည့်နီးပါးထည့်ထားတဲ့ခွက်ထဲ ညှစ်ထည့်ပါ။ ပြီးရင် မနက်စောစော အစာမစားခင်မှာ သောက်ပေးပါ။ ခန္တာကိုယ်ကို ရေဓါတ်ဖြည့်တင်းနိုင်ပြီး သွေးကြောနံရံလေးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ ပိုတက်ဆီယမ်ဓါတ်ပါဝင်လို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်စပါတယ်။

သွေးဖိအားထိန်းထားနိုင်ဖို့ နောက်ထပ်နည်းလမ်းကောင်းတွေ့တော့

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာစားပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

အရက်မသောက်ပါနဲ့။

နေ့စဉ် ကဖိန်းဓါတ်စားသုံးမှုကို ကန့်သတ်ထားပါ။

ဆားကိုရှောင်နိုင်သမျှရှောင်ပါ။