ကိုယ်အလေးချိန်လည်း ကျချင်တယ်၊ အားကစား လည်းမလုပ်နိုင်သလို အစားအသောက်လည်း ရွေးချယ်ပြီး စားဖို့ အချိန်မရှိတဲ့သူတွေအတွက် ရေသောက်ပြီးတော့လည်း ဝိတ်ချလို့ရပါတယ်။

ရေများများသောက်ခြင်းက ကိုယ်အလေးချိန်ကိုလည်းကျစေသလို အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း အလွယ်တကူ ဖယ်ရှားပေးတာကြောင့် အသက်ရှူ ကျန်းမာ နုပျိုစေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Virginia Tech တက္ကသိုလ်ရဲ့ သုတေသနအရ ထမင်းမစားခင် ရေခွက်ပေါင်း အနည်းငယ်သောက်ပြီးမှ စားတဲ့သူက ခါတိုင်းစားနေကျတဲ့ ကယ်လိုရီ ၇၅ ကယ်လိုရီ လျော့ပြီး စားလေ့ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

အစာမစားခင်ဘဲ ရေအနည်းငယ်သောက်ပြီး စားတဲ့အလေ့အကျင့်က သင့်ကို ၁ နှစ်အတွင်း နောက်ထပ် ၁၀ ပေါင်လောက် ထပ်မတက်အောင်ကို ကာကွယ်ပေးပါတယ်။

အိပ်ရာ နိုးနိုးချင်း ရေ ၂ ခွက်သောက်ပါ

ညမအိပ်ခင်မှာ ကိုယ့်အိပ်ရာဘေးနားမှာ ရေ ၁ဗူးမပြည့်တပြည့် ဖြည့်ပြီး အိပ်ပါ။ အိပ်ရာကနေ နိုးလာရင် ရေ ၂ခွက်စာရှိတဲ့ ရေ (၁၆ အောင်စ)ကို သောက်ပါ။

ရေဗူး သယ်သွားပါ

အနည်းဆုံး ရေ ၈ အောင်စ ဆံ့တဲ့ ဗူးလေးကို သယ်ပြီး အပြင်သွားပါ။ ဒါမှ ရေသောက်ဖြစ်မှာပါ။

how-much-is-a-gallon-of-water-3_thumb

ရေကို အသီးအနှံတွေ စိမ်ပြီးသောက်ပါ

ဒီအတိုင်း ရေမသောက်ချင်သူတွေအတွက် သံပုရာသီး၊ သခွားသီး၊ ပူစီနံရွက် စတာတွေကို ရေနဲ့စိမ်ပြီး သောက်ပါ။ ဒါကို Detox Drinks လို့လည်း ခေါ်ပါတယ်။ သကြားတော့မထည့်ပါနဲ့။ ဒီအတိုင်းဘဲသောက်ပါ။

how-much-is-a-gallon-of-water-4_thumb

အဆာပြေ အစားအစာတွေအစား ရေသောက်ပါ

ညဘက် ဗိုက်ဆာရင် အဆာပြေ အစားအစာတွေမစားဘဲ ရေနွေးပူပူတစ်ခွက်ကို မှုတ်သောက်ပြီး အိပ်လိုက်ပါ။

how-much-is-a-gallon-of-water-5_thumb

ထမင်းမစားခင် ရေ ၂ခွက်၊ ၃ ခွက်လောက်သောက်ပေးပါ

နေ့လည်စာနဲ့ညစာတို့မစားခင်မှာ ရေ ၂ ခွက်၊ ၃ ခွက်လောက် သောက်ပေးပါ။ ဒါဆိုရင် အစာစားတဲ့ ပမာဏကို လျော့ချပေးပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။