ကိုယ်အလေးချိန်လျှော့ချဖို့အတွက် နည်းလမ်းမျိုးစုံ ဒီကနေ့မှာ အသုံးပြုလာကြပါတယ်။ ကိုယ်အလေးချိန်လျှော့ချတာဟာ အလှအပ တစ်ခုတည်းအတွက်သာ မဟုတ်ဘူး ကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။

woman-apple-dieting

တချို့ကိုယ်အလေးချိန်ကျချင်သူတွေက အဟာရပြည့်အောင်မစားတာ၊ အစာရှောင်တာတွေထိပါလုပ်ကြပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးကို ထိခိုက်စေတာမို့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို မျှဝေပေးချင်ပါတယ်။

ပန်းသီးနဲ့ ဝိတ်ချမဲ့အစီအစဉ်

ပထမရက် ကနေ ၃ ရက်မြောက်နေ့ထိ

d6cc4d927ca0ff9250065da03335765aApple-slice-leaves

မနက်စာ – ပန်းသီး ၂ လုံး (သို့) ၃ လုံး၊ ကြက်ဥပြုတ် ၁ လုံး

နေ့လည်စာ – ပန်းသီး ၂ လုံး ကြက်ဥပြုတ် ၁ လုံး (သို့) ပန်းသီး ၃ လုံးကို ကြက်သွန်နီ နဲ့ တရုတ်နံနံပင်ရောပြီး သုပ်စားပါ။ ကြက်ဥပြုတ် ၁ လုံးထည့်ပါ။

ညစာ – ကြက်ဥပြုတ် ၁ လုံး (သို့) ပန်းသီး ၃ လုံး

၄ ရက်မြောက်နေ့ကနေ ၇ ရက်မြောက်ထိ

the-acv-weight-loss-connection-applesalmonds-in-a-bowl-on-wooden-table-max

မနက်စာ – ပန်းသီး ၂ လုံး (သို့) ၃ လုံး နဲ့ ကြက်ဥပြုတ် ၁ လုံး

နေ့လည်စာ – ပန်းသီး ၂ လုံး၊ ကြက်ဥပြုတ် ၁ လုံး၊ ဗာဒံစေ့ လက် ၁ ဆုပ်

ညစာ – ကြက်ဥပြုတ် ၁ လုံး

importance-of-drinking-water

မှတ်ချက်   ။     ။ ဗိုက်အရမ်းစာလာတယ်ဆိုရင် ပန်းသီးကို ပိုပြီး များများစားသုံးနိုင်ပါတယ်။ တစ်နေ့ကို ရေ အနည်းဆုံး ၁ ဂါလံလောက်သောက်ပေးပါ။ ဆား နဲ့ သကြား လုံးဝမစားပါနဲ့။ ရေ (သို့) ရေနွေးသောက်ပါ။

download-1-3

တစ်ပတ်ပြည့်ရင် ပုံမှန်အစားအစာတွေမစားခင် အစားပျော့ပျော့တွေစားပေးပါ။ ပြီးမှ ပုံမှန်ပြန်စားပေးပါ။

Featured Image Source: Diet Plan – Blogger.com