ဘလူးဘယ်ရီသီးကတာ့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးတစ်မျိုးပါ။ ဒီအတိုင်းလည်းစားလို့ရသလို ဖျော်ရည်လုပ်ပြီးလည်း သောက်လို့ရပါတယ်။

သင့်တော်သော နေရာကိုရှာပါ

ဘလူးဘယ်ရီပင်အတွက် အရည်အသွေးမြင့်တဲ့ မြေ နဲ့ နေရောင်ချည်များများရတဲ့နေရာရှာပါ။ နေရောင်ချည်ဟာ အပင်ရှင်သန်ဖို့အတွက် အဓိကအထောက်အပံ့ပေးပါတယ်။

မိမိအိမ်က ခြံကျယ်ကြီးဆိုရင်လည်း မြေပေါ်မှာ ဒီအတိုင်းစိုက်ပျိုးနိုင်ပါတယ်။ တိုက်ခန်းမှာနေတယ်ဆိုရင်လည်း အိုးထဲမှာ စိုက်ပျိုးလို့ရပါတယ်။

အိုး (သို့) ပုံး

1781974_746075245411664_1443279684_n

ကော်ပုံးထဲမှာထည့်ပြီးတော့လည်း စိုက်ပျိုးနိုင်ပါတယ်။ မိမိအသုံးပြုမဲ့ အိုး (သို့) ပုံးကို လေဝင်လေထွက်ကောင်းအောင် အပေါက်လေးတွေ ဖောက်ပေးပါ။ ပြီးရင် မြေကြီးထည့်ပါ။

အပင်စိုက်ပျိုးခြင်း

1922003_746075532078302_117752973_n

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဘလူးဘယ်ရီပင်ကိုနွေရာသီမှာ အစိုက်များပါတယ်။ ပျိုးပင် အမြစ်ကို မြေကြီးထဲထည့်ပြီး စိုက်ပျိုးပါ။ ပြီးရင် အမြစ်ကို မြေကြီးပြန်ဖုံးပြီး ရေလောင်းပေးပါ။

မြေဆီလွှာလည်း ကောင်းဖို့လိုပါတယ်။ မြေဆီလွှာ PH ဓါတ် ၅.၀ ရှိရင်ပိုကောင်းပါတယ်။ နေရောင်ချည် အပြည့်အဝရတဲ့နေရာမှာထားပါ။

သစ်ဆွေးများ

1960093_746075605411628_1639389135_n-1

ထင်းရှုးခေါက် သစ်သားစအဆွေး တွေကို ထည့်ပေးနိုင်ပါတယ်။

မြေဆီလွှာရဲ့ အစိုဓါတ်ကိုထိန်းပေးနိုင်ဖို့အတွက် နဲ့ ပေါင်းပင်တွေ ကြီးထွားမှုကနေ ကာကွယ်ဖို့ ဆူးပန်းခွေ (သို့) သစ်ခြောက်တွေကို ဘေးမှာ ချထားပါ။ (ခြံထဲမှာ စိုက်ပျိုးသူတွေအတွက်) တစ်နှစ်ကို တစ်ကြိမ်လောက်လုပ်ပေးပါ။

ကိုင်းဖြတ်ပေးပါ

အပင်ကစပြီး အကိုင်းအခတ်တွေ ဖျာထွက်လာပြီဆိုရင် ကိုင်းတွေကို ပုံမှန် ညှပ်ပေးပါ။ သန်မာတဲ့ အကိုင်းအခက်တွေကို ထားပြီး ညှိုးနေတဲ့ (သို့) သေနေတဲ့အကိုင်းအခက်တွေကို ဖယ်ရှားပေးပါ။

မြေသြဇာ

အမြဲတမ်း အော်ဂဲလ်နစ်မြေသြဇာကိုပဲ အသုံးပြုရပါမယ်။ အပင်ပျက်စီးခြင်းကနေ ကာကွယ်ဖို့နဲ့ သဘာ၀ ပတ်ဝန်းကျင်ကိုပါ ကာကွယ်ဖို့ပါ။ နွေရာသီအစမှာ သစ်ရွက်ကြွေတွေကို စုစည်း ကောက်ယူထားပြီး ထည့်ပေးပါ။

6e014a117a28f493a9e3a2149f09b54f

ဒီလိုနည်းစနစ်နဲ့ ပျိုးထောင်ပေးတာဟာ အပင်ကို ပိုပြီး ရှင်သန်စေမှာဖြစ်သလို တစ်ခါစိုက်ပြီးရင် အနည်းဆုံး နှစ် ၄၀ ကနေ ၅၀ ထိ အပင်သက်တမ်းရှည်ပါတယ်။

Source: dietoflife.com