လက်သည်းဝါတာဟာ အလှအပကြိုက်တဲ့ မိန်းကလေးတွေအတွက် စိတ်ရှုပ်စရာပါ။ နေ့စဉ်သုံးစွဲနေတဲ့ လက်သည်းနီဆိုးဆေးတွေကြောင့် လက်သည်းကို ပိုဝါစေပါတယ်။ ဒါ့ကြောင့် လက်သည်းဆိုးမယ်ဆိုရင် အောက်ခံအကြည်လေးကို ဆိုးပေးဖို့လိုအပ်တာပါ။

လက်သည်းဝါတာတွေ သက်သာပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ သံပုရာသီး

သံပုရာသီးနဲ့ လက်သည်းလေးတွေကို ပွတ်တိုက်ပေးပါ။ ဒါမှမဟုတ် ခွက်တစ်လုံးထဲမှာ သံပုရာသီးကိုအရည်ညှစ်ထည့်ပြီး လက်သည်းကို ၁၀ မိနစ် ၁၅ မိနစ်လောက် စိမ်ထားပေးပါ။

ပြီးရင် Brush နဲ့ တိုက်ပေးပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။

၂။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် စားပွဲတင်ဇါန်း ၄ ဇွန်း၊ ရေ ခွက်တစ်ဝက်ကိုရောပြီးသေချာမွေပါ။ ပြီးရင် လက်သည်းကို ၂ မိနစ်လောက်စိမ်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပေးလိုက်ပါ။

၃။ သွားတိုက်ဆေး

သက်သည်းမှာ သွားတိုက်ဆေးနည်းနည်းထည့်ပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် Brush နဲ့ ပွတိုက်ပေးပါ။

ပြီးရင်ဝါဂွမ်းကိုရေတို့ပြီး သွားတိုက်ဆေးကို ဆေးချပါ။

အထက်ပါနည်းလမ်းတွေကို ခြေသည်းလေးတွေ ပြန်လည်ဖြူဝင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။