ဒီလိုမျိုး သန်ကောင်၊ တုပ်ကောင်တွေဆိုတာဟာ ဖွံ့ဖြိုးတိုးတက်နေပြီးသား နိုင်ငံကြီးများတွင် နေထိုင်များသူပါ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ပါ။ ခန္ဓာကိုယ်ကို အားအင်တွေဖြစ်စေမယ့် အစားအသောက်တွေအကုန်လုံးကို စားသုံးပစ်ပြီး အာဟာရဓာတ်တွေကို ဖယ်ရှားပစ်ပါတယ်။

အချို့အရာတွေက သွေးကိုပင်စုပ်ယူတဲ့အတွက် သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့ခြင်းတို့ပါ ဖြစ်ပေါ်လာရပါတယ်။ ကိုယ်ခံအားကိုလည်း အားလျော့နည်းစေပြီး ရောဂါပိုးတွေ ဝင်ရောက်လာစေနိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

မသန့်ရှင်းတဲ့ ရေများသောက်သုံးခြင်း

အသားစိမ်း၊ ငါးစိမ်းများ၊ မကျက်သေးသည့်အစားအသောက်များ စားသုံးခြင်း

လက်မှတဆင့်ကူးစက်ခြင်း

ဘယ်လိုဖြေရှင်းကြမလဲ

နည်းလမ်း (၁) – ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွင် Allicin ဟုခေါ်သော ဒြပ်ပေါင်းတစ်ခုပါဝင်လို့ ခန္ဓာကိုယ်အတွင်းက သန်ကောင်၊ တုပ်ကောင်တို့ကို သေစေနိုင်ပါတယ်။ ကြက်သွန်ခွာပြီး ၁၅ မိနစ်လောက်ထားပြီးမှ စားသုံးပါ။

ကြက်သွန်ဖြူကြိုက်သူများအနေနှင့် တနေ့လျှင် နှစ်မြွှာ အမြဲစားပေးနိုင်ပါတယ်။

နည်းလမ်း (၂) – ဖရုံစေ့များ

တုတ်ပြားအကောင်တွေဟာ အစာခြေဖျက်ရာလမ်းကြောင်းကို ကုပ်တွယ်ထားပြီး လွယ်လွယ်နဲ့ မကွာသွားပါဘူး။ စားသုံးလိုက်သမျှ အစာအကုန်လုံးကို စုပ်ယူသွားတဲ့အတွက် ထိုအကောင်များကိုဖယ်ရှားဖို့ ဖရုံစေ့များကို စားသုံးပေးပါ။

အရှင်းဖယ်ရှားပစ်ရန်အတွက် တနေ့လျှင် ငါးစေ့မှ ခြောက်စေ့ကို နှစ်ပတ်ကြာ နေ့စဉ်စားသုံးပေးပါ။

နည်းလမ်း (၃) – သဘောၤစေ့များ

သဘောၤစေ့များကို အစာမစားခင် မိနစ် ၃၀ အလိုမှာ စားပေးခြင်းက အစာအိမ်ကိုသန့်စင်ပေးပြီး သန်ကောင်၊ တုပ်ကောင်များကို ဖယ်ရှားပေးပါတယ်။

အမှုန့်ဖြစ်အောင် ကြိတ်ခြေပစ်ပြီး နို့ သို့မဟုတ် ရေဖြင့်လည်း နေ့စဉ်သောက်သုံးပေးနိုင်ပါတယ်။

နည်းလမ်း (၄) – အုန်းဆီ

Giardia ကဲ့သို့ သန်ကောင်၊ တုပ်ကောင်များကို ဖယ်ရှားပစ်ရုံသာမက ပြန်လည်ပေါက်ဖွားလာခြင်းမှာလည်း ကာကွယ်ပေးပါတယ်။

အုန်းဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နှင့် ရောပြီးသေချာမွှေကာ သောက်သုံးပေးပါ။ ရေမဟုတ်ဘဲ လက်ဖက်ရည်နှင့်လည်း ရောစပ်ပြီး သောက်ပေးနိုင်ပါတယ်။

Credit: FabHow

Featured Image Source: healthline.com