လူကြားထဲမှာ လေလည်ရမှာကို ရှက်ကြောက်ပြီး အောင့်အီးထားရာမှ လေတွေစုလာပြီး ဗိုက်ကြီးဖောလာပြီဆိုရင်တော့ တနေ့လုံး နေလို့ထိုင်လို့ ကောင်းမှာမဟုတ်တော့ပါဘူး။ မကြာခဏဖြစ်လာပြီဆိုရင်တော့ မြန်မြန်ကုသဖို့လိုလာပါပြီ။ အစားအသောက်နဲ့ အနေအထိုင် ပြုပြင်ဖို့လည်း လိုအပ်ပေမယ့် အသုံးဝင်မယ့်နည်းလမ်းကောင်းလေးတွေလဲ ရှိသည့်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

မုန့်ဖုတ်ဆိုဒါ

ပါဝင်ပစ္စည်းများ

ရေ – ၁ ခွက်

မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုသီး – တစ်ခြမ်း

ပြုလုပ်ပုံများ

မုန့်ဖုတ်ဆိုဒါထဲကို သံပုယိုရည်၊ ရေတို့ပေါင်းထည့်ပြီး သမအောင် မွှေပေးပြီး သောက်သုံးပေးမယ်ဆိုရင် ဗိုက်ထဲလေတွေထနေတာကို မိနစ်အနည်းငယ်အတွင်း သက်သာစေမှာပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေတစ်ခွက်ထဲထည့်ပါ။ နှံ့အောင်မွှေပေးပြီး တနေ့တစ်ကြိမ် သောက်သုံးပေးပါက ချက်ချင်းဆိုသလို လေတွေကို ဖယ်ရှားနိုင်မှာပါ။

ဂျင်းရေနွေးကြမ်း

ထိုကဲ့သို့ လေထတဲ့ ပြဿနာတွေကို သက်သာစေဖို့အတွက် ဂျင်းရေနွေးကြမ်းက အလွန်ထိရောက်ပါတယ်။ အစာခြေဖျက်အားလည်းကောင်းစေပြီး ဗိုက်အတွင်းကလေတွေကို သက်သာစေပါတယ်။

ဂျင်းကို ၂ လက်မအရွယ်ရအောင်လှီးပြီး ၅ မိနစ်ကြာ ရေနွေးအိုးထဲထည့်တည်ပါ။ အချိန်ပြည့်လျှင် ဂျင်းဖတ်များကို စစ်ထုတ်ပြီး ရရှိလာတဲ့ ရေနွေးကြမ်းကို တနေ့လျှင် နှစ်ကြိမ်သောက်သုံးပေးမယ်ဆိုရင် လေထမှုကို ချက်ခြင်းသက်သာစေသလို အစာခြေဖျက်အားလည်း ကောင်းစေမှာပါ။

Credit: FabHow