မိုးရာသီဆိုရင် ခြေထောက်၊ ခြေဖဝါးနဲ့ ခြေသည်းခွံတွေမှာ မှိုစွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကိုယ်ထင်တဲ့နည်းလမ်းတွေနဲ့ ပျောက်အောင်လုပ်တာဟာ နည်းလမ်းမမှန်ရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် နည်းစနစ်တကျနဲ့လုပ်လို့ရမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခြေသည်းမှာမှိုစွဲနေရင်တော့ ရေဇလုံထဲကို Listerine – ၁၇ အောင်စ၊ ရေ – ၁၃ အောင်စနဲ့ Vinegar – ၁၇ အောင်စတို့ကိုထည့်မွှေပြီး အဲ့ထဲမှာ ခြေထောက်ကို ၁၅ မိနစ်စိမ်ထားပေးမယ်ဆိုရင်တော့ သက်သာပျောက်ကင်းစေပါတယ်။

ခြေဖဝါးမှာမှိုစွဲနေပြီ၊ ခြေဖဝါးတွေကြမ်းပြီး အသားမာတွေဖြစ်နေရင်တော့ ကြက်သွန်နီတစ်ခြမ်းမှာ Vinegar – ၈.၅ အောင်စလောင်းချပြီး စိမ့်ဝင်သွားအောင် မိနစ် ၃၀ ထားပေးပါ။ ပြီးရင်တော့ ခြေဖဝါးမှာ ကြက်သွန်နီကိုကပ်ပြီး ခြေအိပ်စွပ်ကာ တစ်ညထားပေးပါ။ မနက်ရောက်ရင်တော့ ခြေဖဝါးကနူးညံ့ပြီး မှိုတွေပျောက်သွားတာကို တွေ့ရမှာပါ။

ခြေဖဝါးတစ်ပြင်လုံးမှာ မှိုစွဲနေရင်တော့ ပျားရည်အနည်းငယ်ကို ပွတ်လိမ်းပြီး တစ်ညထားလိုက်ပါ။ မနက်ရောက်ရင် သက်သာပျောက်ကင်းသွားတာကို တွေ့ရမှာပါ။

ခြေဖဝါးနီမြန်းတာတွေနဲ့ အရေခွံလှန်တာတွေဖြစ်လာရင်တော့ Baby Powder ကို များများပွတ်လိမ်းပေးထားနိုင်ပါတယ်။

Photo Source: brideside.com