ဒီလို မိုးရာသီ မှာဆိုရင် ခြင်တွေကအများကြီးထွက်ပြီး ကိုက်ကြတာကြောင့် သွေးလွန်တုပ်ကွေးရောဂါတွေလည်း ဖြစ်ကြပါတယ်။ စိုစွတ် ပူနွေးတဲ့ အရှေ့တောင် အာရှမှာ ခြင်ဆိုတာက နှိမ်နှင်းရခက်တဲ့ သတ္တဝါတွေပါပဲ။

ဒါကြောင် ခြင်ဆေးခွေတွေ၊ ခြင်ဆေး ဖြန်းတဲ့ Spray ဗူးတွေ သုံးကြပါတယ်။

ခက်တာကခြင်ဆေးခွေမှာလည်း ဓာတုပစ္စည်းတွေ ပါဝင်တဲ့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ခြင်ဆေးခွေ တစ်ခွေက ထွက်တဲ့ အငွေ့တွေကို ရှူမိရင် စီးကရက် အလိပ် ၁၀၀ သောက်တာနဲ့ တူညီနေပါတယ်။ ဒါကြောင့် ဘေးဥပုဒ်လေးကင်းပြီး ခြင်တွေလည်း ပြေးစေမယ့် သဘာဝနည်းလမ်းကို ဝေမျှချင်ပါတယ်။

Spoon the ground coffee, against the grain.

ကော်ဖီမှုန့်

ဒီနည်းကတော့ ကော်ဖီထွက်တဲ့နေရာတွေမှာ ပိုပြီး အသုံးဝင်ပါတယ်။

ကြိတ်ထားပြီးတဲ့ ကော်ဖီ လတ်လတ်ဆတ်ဆတ်ကို အလူမီနီယံအပြားနဲ့ ထုပ်ပြီး အေးပြီး မှောင်တဲ့နေရာမှာ ထားထားပါ။

naturaldenguerepellent

ကော်ဖီမှုန့်တွေကို ခြောက်သွေ့သွားအောင် ထားလိုက်ပါ။

ခြင်ခိုနေတတ်တဲ့နေရာတွေ၊ ပြူတင်းပေါက်နားတွေမှာ ကော်ဖီမှုန့်ကို သံပြားတစ်ခုအပေါ်တင်ပြီး အလယ်ကနေ မီးရှို့လိုက်ပါ။

မီးခိုးတွေအနည်းငယ်ထွက်ပြီး အနံ့က နည်းနည်းပြင်းပါတယ်။ ဒါပေမယ့် သင့်အိမ်ထဲမှာရှိနေတဲ့ ခြင်တွေကတော့ ဒီအနံ့ကို မခံနိုင်တာကြောင့် ထွက်သွားပါလိမ့်မယ်။

သဘာဝနည်းနဲ့ ခြင်တွေ မလာအောင် ဘယ်လိုလုပ်မလဲ

ဓာတုပစ္စည်းတွေမပါဝင်တာကြောင့် ဓာတ်မတည့်တာကြောင့် ချောင်းဆိုး၊ နှာစေး၊ ခေါင်းကိုက်တာတွေလည်းဖြစ်မှာ မဟုတ်ပါဘူး။ ဒီလိုနည်းနဲ့သင့် အိမ်ထဲက ခြင်တွေကိုမောင်းထုတ်ပြီး အိမ်ထဲမဝင်လာဖို့အတွက်လည်း တားဆီးနိုင်ပါပြီ။

Featured Image Source: Los Angeles Times