အနာစိမ်းတွေဟာ မျက်နှာ၊ ရင်သား၊ ကျောဖက်၊ ဦးခေါင်း၊ ပေါင်ခြံ၊ တင်ပါး၊ ဦးရေပြား၊ လက်မောင်းအောက် စတဲ့ ခန္ဓာကိုယ်ကနေရာတွေမှာ ပေါက်လေ့ရှိပါတယ်။ အထိမခံဘဲ ကိုင်လိုက်တာနဲ့ အလွန်နာကျင်ခံစားရလွန်းလို့ ဖြစ်နိုင်မယ်ဆိုရင် အနာစိမ်းပေါက်နေရင် လူတွေကို ဝေးဝေးရှောင်နေပါ။

နနွင်း

နနွင်းမှာ အသားအရေအတွင်းက ရေဒီယိုသတ္တိလှိုင်းတွေကို ဖယ်ရှားပေးတဲ့ Antioxidant ဓာတ်သတ္တိတွေပါဝင်လို့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို နွားနို့ပူပူ သို့မဟုတ် ရေတစ်ခွက်ထဲထည့်ပြီး နေ့စဉ် ၂ ကြိမ် မှ ၃ ကြိမ် အထိ သောက်သုံးပေးပါ။

အပူကပ်ပေးခြင်း

အပူနွေးနွေးလေးကပ်ပေးခြင်းက ခန္ဓာကိုယ်တစ်လျှောက် သွေးလည်ပတ်မှုအားကို ကောင်းစေလို့ အနာစိမ်းတွေကို သက်သာစေပါတယ်။ ထိုကဲ့သို့အပူကပ်တဲ့အခါ ဆားအနည်းငယ်ကိုပါ ထည့်သွင်းပေးခြင်းက ဘတ်တီးရီးယားပိုးတွေ သေစေလို့ အနာသက်သာတာ မြန်စေပါတယ်။

ဦးစွာအနေနဲ့ အနာစိမ်းနေရာတဝိုက်ကို ဆပ်ပြာ၊ ရေနွေးနွေးနဲ့ဆေးပေးပါ။ ပြီးလျှင် ၁၃ ခွက်စာရှိတဲ့ ရေနွေးနွေးထဲကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ သန့်ရှင်းတဲ့အဝတ်တစ်ခုကို ထိုအရည်ထဲမိနစ်အတန်ကြာ နှစ်ထားပေးပါ။ အရည်ညှစ်ပြီး အနာစိမ်းပေါ်အုပ်ထားပေးပြီး ၁၅ မိနစ်အကြာမှာ ပုံစံတူနောက်တစ်ခေါက်ပြန်လုပ်ပေးပါ။

နွားနို့

နွားနို့အစိမ်းမှာ ဆဲလ်သေများ၊ အဆီပိုများ၊ အညစ်အကြေးများ၊ ဘတ်တီးရီးယားများကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ လက်တစ်အက်စစ်ပါဝင်ပါတယ်။ အသားအရေပေါ်က ယားယံနာကျင်မှုကိုဖြစ်ပေါ်စေတဲ့ အနာစိမ်းတွေကို သက်သာစေနိုင်ပါတယ်။

ရှာလကာရည်၊ နို့စိမ်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီကို ပန်းကန်ထဲရောမွှေပြီး အနာစိမ်းပေါ်အုံထားပေးပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ခြောက်သွားသည့်အခါ ရေနဲ့ဆေးကြောပစ်နိုင်ပါတယ်။ တနေ့လျှင်သုံးကြိမ်မှ လေးကြိမ်အထိ လုပ်ဆောင်ပေးပါ။