ခေါင်း အရမ်းကိုက်နေပြီး သောက်စရာဆေးလည်း လက်တစ်ကမ်းမှာရှိနေဘူးဆိုရင် ဒီနည်းလမ်းလေးကို သင်အသုံးတည့်မှာပါ။ ဒါကြောင့် သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ ခေါင်းကိုက် ပျောက်စေတဲ့ နှိပ်နယ်နည်းလေးကို ဝေမျှချင်ပါတယ်။

ဘယ်လို နှိပ်နယ်ရမလဲ

ပထမဆုံး သက်တောင့်သက်သာ အနေအထားနေပြီး စိတ်ကိုလျော့ထားပါ။ နှိပ်နယ်တဲ့အချိန်က အရမ်းမကြာပါဘူး။ စက္ကန့် ၃၀ ကနေ ၁ မိနစ်လောက်ဘဲ ကြာမှာပါ။

နှိပ်နေချိန်မှာ လက်ချောင်းလေးတွေမှာ အားအနည်းငယ်စိုက်ပြီး ဖိပေးပါ။ အများအားဖြင့် ဒီလိုနှိပ်နယ်ပြီး ၅ မိနစ်နှင့် ၁၀ မိနစ်ကြားမှာတော့ ခေါင်းကိုက် တဖြည်းဖြည်း ပျောက်သွားတတ်ပါတယ်။

YINTANG POINT

တတိယမျက်လုံးလို့ တင်စားခေါ်ဝေါ်တဲ့ Yintang Point နေရာက မျက်ခုံး ၂ ခုရဲ့ အလယ်မှာ တည်ရှိပြီး နှာခေါင်း အပေါ်ပိုင်းမှာဖြစ်ပါတယ်။ မျက်လုံးညောင်းပြီး ခေါင်းကိုက်နေရင် အဲ့ဒီနေရာလေးကို အနည်းငယ်လောက် ဖိပြီး အဲဒီနေရာပတ်လည်ကိုလည်း စက်ဝိုင်းပုံစံလေး ၁မိနစ်လောက် နှိပ်ပေးပါ။

ZAN ZHU Point

ZAN ZHU Point က ၂ နေရာဖြစ်ပြီး မျက်ခုံးတွေရဲ့ အောက်ဘက် နှာခေါင်းမရောက်ခင်မှာ တည်ရှိပါတယ်။ အဲ့ဒီ နေရာနဲ့ အဲ့ဒီနေရာပတ်ဝန်းကျင်ကို စက်ဝိုင်းပုံစံ ၁ မိနစ်ခန့် နှိပ်နယ်ပေးရင် နှာစေးတာတွေ ခေါင်းကိုက်တာတွေ ပျောက်ကင်းပါတယ်။

YINGXIANG POINTS

ဒီနေရာတွေက နှာခေါင်းနဲ့ ပါးစပ်ကြားက ပါးအစလေးမှာ ရှိပါတယ်။ မျက်လုံးတွေရဲ့ အစနဲ့လည်း အပြိုင်ဖြစ်ပါတယ်။ ပါးချိုင့်နေရာမှာဖြစ်ပါတယ်။ အဲ့ဒီနေရာကို ၁ မိနစ်လောက်နှိပ်နယ်ပေးရင် ခေါင်းကိုက်၊ သွားကိုက်၊ စိတ်ဖိစီးမှု တို့ကို သက်သာစေပါတယ်။

TIAN ZHU POINTS

ဆံပင်ရဲ့ အဆုံးနား ဇက်ကြောတက်ရင် ဇက်ကြောဆွဲတဲ့နေရာနားမှာရှိပါတယ်။ ကြောရိုးအစလေးမှာဖြစ်ပါတယ်။ အဲ့ဒီနေရာ ၂ ခုကို ၁ မိနစ်လောက် နှိပ်နယ်ပေးရင် အစာမကြေတာ၊ မျက်လုံးနဲ့ နားတွေ ကိုက်တာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာတို့ကို သက်သာစေပါတယ်။

SHUAI GU POINTS

SHUAI GU POINTS က နားရဲ့ ၂ စင်တီမီတာနဲ့ ၃ စင်တီမီတာအကွာ ဆံပင်ထဲမှာ ဖြစ်ပါတယ်။ အဲ့နားက ချိုင့်နေတဲ့နေရာလေးရှိနေပြီး အဲ့ဒီနေရာလေးကို ၁ မိနစ်လောက် ဖိထားရင် မျက်လုံးညောင်း၊ ခေါင်းကိုက်တာတွေ သက်သာစေပါတယ်။

HE GU POINTS

HE GU PINTS က လက်မနဲ့ လက်ညှိုးကြားထဲ က နေရာဖြစ်ပါတယ်။ အဲ့ဒီနေရာကို ၁ မိနစ်လောက် ဖိထားရင် ခါးနာ၊ သွားကိုက်၊ ဇက်ကြောတက်တာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။

Featured Image Source: nigeriancanadiannews.ca