ယနေ့ခေတ်လို လူအများစုက ကိုယ်အလေးချိန်လျှော့ချဖို့ အသည်းအသန်ကြိုးစားအားထုတ်နေကြတဲ့အချိန်မှာ အချို့သူတွေကတော့ ပိန်လွန်းလို့စိတ်ညစ်နေရပါတယ်။ ၀ိတ်ချရသလိုပဲ ကိုယ်အလေးချိန်တက်ဖို့ အားစိုက်ထုတ်ရတာကလည်း တကယ့်ကိုမလွယ်ကူနိုင်တဲ့ အလုပ်တစ်ခုပါ။
ကိုယ်အလေးချိန်တက်ဖို့ စနစ်တကျစားသုံးပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့အရာတွေလိုအပ်တာမှန်ပေမယ့်လည်း ယခုဖော်ပြမယ့် ဖျော်ရည်များကတော့ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး စိတ်ချရလို့ ယုံယုံကြည်ကြည်သောက်သုံးပေးသင့်ပါတယ်။
နည်းလမ်း (၁) – ငှက်ပျော-အုတ်ဂျုံ ပရိုတင်းရှိတ်
ပါဝင်ပစ္စည်းများ
နို့ – ၁ ခွက်
ရေ – တစ်ဝက်ခန့်
ငှက်ပျောသီး (အခွံခွာ၊ လှီးပြီးသား) – ၂ လုံး
ပရိုတင်းပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အုတ်ဂျုံမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သစ်ကြံပိုးခေါက်အမှုန့် – အနည်းငယ်
ရေခဲတုံး – ၂ တုံး သို့မဟုတ် ၃ တုံး
ပြင်ဆင်ပုံ
၁။ နို့နှင့်ရေတို့ကို ကြိတ်စက်ထဲထည့်ပါ။
၂။ ငှက်ပျောတုံးများ၊ ပရိုတင်းမှုန့်နှင့် အုတ်ဂျုံမှုန့်တို့ကိုလည်း ပေါင်းထည့်ပါ။
၃။ ပြီးလျှင် ပျားရည်နှင့် သစ်ကြံပိုးခေါက်အမှုန့်တို့ကို ထည့်သွင်းပါ။
၎။ နောက်ဆုံးမှာ ရေခဲတုံးများကိုထည့်သွင်းပြီး ကြိတ်မွှေပေးပါ။
၅။ ခွက်ထဲသို့လောင်းထည့်ပြီးလျှင် အရသာရှိရှိသောက်သုံးနိုင်ပါပြီ။
နည်းလမ်း (၂) – ချောကလက်-မြေပဲထောပတ် ပရိုတင်းရှိတ်
ပါဝင်ပစ္စည်းများ
နို့ – ၁ ခွက်
ပရိုတင်းပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
Nutella – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မြေပဲထောပတ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငှက်ပျောသီး (အခွံခွာ၊ လှီးပြီးသား) – ၁ လုံး
ရေခဲတုံး – ၂ တုံး သို့မဟုတ် ၃ တုံး
ပြင်ဆင်ပုံ
၁။ နို့တစ်ခွက်ကိုကြိတ်စက်ထဲလောင်းထည့်ပြီး ပရိုတင်းအမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ပေါင်းထည့်ပါ။
၂။ ပြီးလျှင် Nutella လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် မြေပဲထောပတ် ၂ ဇွန်းတို့ကိုပါ ထပ်ပေါင်းထည့်ပါ။
၃။ လှီးစိတ်ထားသော ငှက်ပျောသီးအတုံးလေးတွေကိုလည်း ကြိတ်စက်ထဲထည့်ပေးပါ။
၎။ နောက်ဆုံးအနေနဲ့ ရေခဲတုံးများကိုပါ ပေါင်းထည့်၍ ကြိတ်ပေးပါ။
၅။ ပြီးလျှင်တော့ ခွက်ထဲပြောင်းထည့်ပြီး သောက်သုံးနိုင်ပါပြီ။
နည်းလမ်း (၃) – နို့သရက်မစ်ရှိတ်
ပါဝင်ပစ္စည်းများ
သရက်သီး (အခွံခွာ၊ လှီးပြီးသား) – ၁ လုံး
နို့ – ၁ ခွက်
ပြင်ဆင်ပုံ
၁။ သရက်သီးအစိတ်လေးတွေနဲ့ နွားနို့ကို ကြိတ်စက်ထဲ ပေါင်းထည့်ပါ။
၂။ ပျစ်နှစ်လာသည်အထိ မွှေပေးပါ။
၃။ ပျစ်သွားပြီဆိုလျှင် ခွက်ထဲထည့်ကာ သောက်သုံးနိုင်ပါပြီ။
တစ်လလုံးလုံး တနေ့နှစ်ကြိမ် မှန်မှန်သောက်သုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်တက်ဖို့ အမှန်အထောက်အကူဖြစ်နိုင်ပါတယ်။
Credits : Health and Beauty Archives – Fab How