မင်္ဂလာပါနော်။ ဝိတ်ချနည်းတွေ တင်တာများနေလို့ ဝိတ်တက်ချင်တဲ့သူတွေအတွက် ဝိတ်တက်အောင်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

သာမန်ထက် ကိုယ်အလေးချိန်လျော့တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ လေ့လာတွေ့ရှိမှုအရ ကိုယ်အလေးချိန် သာမန်ထက် နည်းတဲ့ အမျိုးသားတွေဟာအစောဆုံး သေဆုံးနိုင်ချေ ၁၄၀% ရှိပြီး အမျိုးသမီးတွေမှာ ၁၀၀ % ထိရှိပါတယ်။

ကိုယ်အလေးချိန် သာမန်ထက်လျော့ရတဲ့ အကြောင်းရင်းတွေကတော့

အစားပုံမှန်မစားခြင်း၊ သိုင်းရွိုက်ပြဿနာဖြစ်ခြင်း၊ ဆီးချို အမျိုးအစား ၁၊ ကင်ဆာ နဲ့ ကူးစက်ရောဂါတွေကြောင့်ပါ။

ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဝိတ်တက်အောင်ဘယ်လိုလုပ်မလဲ

ဝိတ်တက်အောင်လုပ်မယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ညီညွှတ်အောင်လုပ်ဖို့အရေးကြီးပါတယ်။

ဆိုဒါတွေ ဒိုးနတ်တွေ များများစားတာဟာ ကိုယ်အလေးချိန်တက်နိုင်ပေမယ့် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာစားပြီး နေထိုင်ဖို့က အရေဒကြီးပါတယ်။

၁။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ကယ်လိုရီထက် ကယ်လိုရီပိုများများစားပါ။

ကယ်လိုရီများတဲ့အစားအစာတွေ စားပေးပါ။ ကိုယ်အလေးချိန် ဖြည်းဖြည်းပဲ တက်ချင်တော့ တစ်နေ့ကို ကယ်လိုရီ ၃၀၀ ကနေ ၅၀၀ စားပေးပါ။ မြန်မြန်တက်ချင်ရင်တေ့ ၇၀၀ ကနေ ၁၀၀၀ ကယ်လိုရီပိုစားပေးသင့်ပါတယ်။

၂။ ပရိုတင်းဓါတ်များများစားပါ။

ကိုယ်အလေးချိန်တက်နေတဲ့ နောက်ထပ်အရေးကြီးဆုံးကတော့ ပရိုတင်းဓါတ်ဖြစ်ပါတယ်။ ကြက်ဥ၊ အသား၊ ငါး၊ နို့ထွက်အစားအစာ၊ ပဲအမျိုးမျိုး စတဲ့ ပရိုတင်ဓါတ်များများပါတဲ့အစားအစာစားပေးပါ။ whey protein တွေကလည်း သင့်အတွက် ကောင်းမွန်ပါတယ်။

၃. အဆီများတဲ့အစားအစာ တစ်နေ့ ၃ ကြိမ်လောက်စားပါ။

အဆီများတဲ့အစားအစာစားပေးပါ။ ပြောင်းဖူး၊ အာလူး၊ ပေါင်မုန့်၊ ထောပတ်သီး စားပေးပါ။

၄။ ခွန်အားပြည့်ဝတဲ့အစားအစာတွေစားပေးပါ။

အသင့်ပြုလုပ်ထားပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သရေစာစားပေးပါ။ ဗာဒံသီး၊ မြေပဲ၊ စွန်ပလွံံသီး၊ နွားနို့၊ အဆီပြည့်ဝတဲ့ ဒိန်ချဉ်၊ ချိစ်၊ ခရင်မ်၊ ကွေကာအုတ်၊ ကြက်သား၊ အမည်းသား၊ ဝက်သား၊ ကန်ဇွန်းဥ၊ အာလူး၊ ချော့ကလက်အမည်း၊ စတာတွေစားပေးပါ။

အခုအစားအစာတွေဟာ ဗိုက်ပြည့်စေပြီး အာအင်းပြည့်ဝစေမယ့် အစားအစာတွေဖြစ်ပါတယ်။ အသီးအရွက်များများမစားလည်းရပါတယ်။ ငှက်ပျောသီးလို ဝါးစရာသိပ်မလိုတဲ့ အသီးစားပါ။

၅။ ဝိတ်မပါ။

အားရှိစေပြီး ကြွက်သားတွေသန်မာစေဖို့ ဝိတ်မပေးပါ။

တစ်ပတ်ကို ၂ ကြိမ် ၄ ကြိမ်လောက် မပေးသင့်ပါတယ်။

ကိုယ်အလေးချိန်တက်စေမယ့် နောက်ထပ် အကြံပြုချက်တွေကတော့

အစာအစားခင်ရေမသောက်ပါနဲ့။ ခဏခဏစားပေးပါ။ နို့သောက်ပါ။ ပန်းကန်ကြီးကြီးနဲ့ ပြောင်းစားပါ။ ကော်ဖီသောက်ရင် ခရင်မ်ထည့်သောက်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ပရိုတင်းများများစားပြီး အသီးအရွက်ကို နည်းနည်းစားပါ။ ဆေးလိပ်မသောက်ပါနဲ့။ စိတ်ရှည်ပါ။