ခေါင်းတစ်ခြမ်းကိုက်တာက တူနဲ့ထုနေသလို၊ အကြောတွေတင်းနေသလိုနဲ့ခံစားရခက်ပါတယ်။ မူးဝေအော့အန်တာတွေလည်းဖြစ်တတ်ပါတယ်။

ရောဂါနုရင်တော့ မိနစ်ပိုင်းအတွင်း ပျောက်သွားပေမယ့် ပြင်းထန်ရင်တော့ ရက်နဲ့ချီပြီး ကြာတတ်ပါတယ်။

ခေါင်းတခြမ်းကိုက်ခြင်းရဲ့ အဓိက အကြောင်းအရင်းက လေထုညစ်ညမ်း၊ စိတ်ဖိစီးမှု၊ ဟော်မှုန်းအပြောင်းအလဲနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ မစားလို့ဘဲဖြစ်ပါတယ်။

သဘာဝနည်း

နာနတ်သီး၊ အုန်းရေနဲ့ အစိမ်းရောင် အရွက် ဖျော်ရည်

ဒီသဘာဝဖျော်ရည်လေးက ရောင်ရမ်းတာတွေနဲ့နာကျင်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း ပျောက်ကင်းစေပါတယ်။

အသီးအနှံတွေမှာပါဝင်တဲ့ Antioxidants နဲ့ အင်ဇိုင်းတွေက စိတ်ဖိစီးမှုတွေကို လျော့ပါး ပျောက်ကင်းစေပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

နာနတ်သီး ၃ စိတ်

ကိုက်လန် ၅ ရွက်

Kale on white background

တရုတ်နံနံ ၁ပင်

သံပုရာသီး တစ်ခြမ်း

lots-of-lemons

သခွားသီး တစ်ဝက်

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

Ginger2-1020x765

အုန်းရေ ၁ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပါ။ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးဖျော်ရည်ကို သောက်သံုံးလို့ရပါပြီ။

Pineapple-and-ginger

အသီးအနှံနဲ့ ကွေကာအုပ်

ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ပါဝင်တာကြောင့် ရောင်ရမ်းတာတွေနဲ့ ခေါင်းကိုက်တာတွေကို သက်သာစေပါတယ်။

အဲ့ဒီအပြင် စွမ်းအင်တွေကိုလည်း တိုးစေပြီး သွေးလည်ပတ်မှုအားလည်းကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

ငှက်ပျောသီးမှည့် ၁လုံး

ပန်းသီး ၁ လုံး

Peach (မက်မွန်သီး လိုမျိုး) ၁ လုံး

အခွံမာသီး စားပွဲတင်ဇွန်း ၁ ဇွန်း

အုတ်ဂျုံ တစ်ခွက်

ပြုလုပ်နည်း

အသီးအနှံတွေကို လှီးပြီး အခွံမာအသီးတွေ၊ အုတ်ဂျုံတွေနဲ့ အတူ ဖျော်စက်ထဲထည့်ပါ။ ဖျော်စက်ထဲက ထုတ်ပြီး ချက်ခြင်း သောက်ပါ။ ခေါင်းကိုက်တာနဲ့ အလင်းရောင်မကြည့်နိုင်တာတို့ ပျောက်ကင်းသွားပါလိမ့်မယ်။