တခါတလေ အလုပ်ဖိစီးမှု စိတ်ဖိစီးမှုတွေ၊ သောင်းပေါင်းခြောက်ထောင် အတွေးတွေကြောင့် ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့သူတွေရှိပါတယ်။ ဒီနေ့ခေတ်မှာဆို လူတိုင်းအိပ်ယာထဲမှာ ဖုန်းတွေကြည့်ပြီး အင်တာနက်သုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ကြတာကြောင့် ဖုန်းကနေထွက်တဲ့ အပြာရောင်အလင်းတန်း (blue light) ဟာ ညဖက် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ပါတယ်။

fall-asleep-less-than-1-minute-2B1Vxr__original__

အိပ်ရေးပျက်တယ်ဆိုတာရာ တစ်ညလုံးမအိပ်ဘဲနေတာကို ဆိုလိုချင်တာမဟုတ်ပါဘူး။ ခဏလေးအိပ်ပျော်သွားလိုက်၊ နိုးလာလိုက်နဲ့ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတာလည်း ပါပါတယ်။

အဲဒီလို အိပ်ရေးပျက်တာ၊ ညည နှစ်ခြိုက်စွာအိပ်မပျော်တာဟာ ကျန်းမာရေးအတွက်သာမက အလှပအတွက်ပါ ဆိုးကျိုးဖြစ်နေပါတယ်။ ဒါ့ကြောင့် နှစ်ခြိုက်စွာအိပ်မောကျချင်ကြတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးကို မျှဝေပေးပါမယ်။

ပျားရည်ဟာ ဆေးဖက်ဝင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး အရသာလည်းရှိသလို ကျန်းမာရေး အလှပအတွက်ပါ အသုံးပြုလို့ရပါတယ်။ ပျားရည်ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ဒီတခါမှာတော့ ညဖက်အိပ်လို့မပျော်တဲ့သူတွေအတွက် ဒီလိုသောက်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ပျားရည် စားပွဲတင်ဇွန်း ၁/၄

ဆား စားပွဲတင်ဇွန်း ၁/၈

အုန်းဆီစားပွဲတင်ဇွန်း ၁ ဇွန်း

အခုဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းတွေကိုရောပြီး သောက်နိုင်သလို ၊ ရေနွေးတစ်ခွက်ထဲ ထည့်ဖျော်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ညအိပ်ယာမဝင်ခင် ၅ မိနစ်လောက်အလိုမှာသောက်ပေးပါ။

အဲဒီလိုသောက်ပေးမယ်ဆိုရင် ညဖက် အိပ်ရေးပျက်မှုကိုဖြစ်စေတဲ့ ခန္ဓာကိုယ်အတွင်းရှိ cortisol ပမာဏာကိုလျှော့ချပေးနိုင်ပြီး ညဖက်ကို နှစ်ခြိုက်စွာအိပ်မောကျစေမှာပါ။

Honey-For-Sleep-Disorders

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၂ ဇွန်းကိုလည်း သောက်ပြီး အိပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ပျားရည်နဲ့ ဆားကိုပဲ ရောပြီးသောက်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကိုကျစပြီး ဟော်မုန်းကို ထိန်းချုပ်ပေးတာကြောင့် ညဖက်ကို ကောင်းမွန်စွာ အိပ်စက်စေနိုင်ပါတယ်။

အသုံးဝင်မယ့် အသက်ရှူနည်းလမ်း

sleeping-beaut

၄ ၊ ၇ ၊ ၈ ဆိုတဲ့ နည်းလမ်းကိုသိကြလားရှင့်။ အရင်ဆုံး ၄ စက္ကန့်လောက်ဖြည်းဖြည်းချင်း အသက်ရှူပါ။ ပြီးရင် ၇ စက္ကန့်လောက်အောက်ထားပါ။ ပြီးရင် ၈ စက္ကန့်လောက်ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပေးလိုက်ပါ။

စက္ကန့်အတိအကျမလုပ်နိုင်ရင်လည်း ၁ ၊ ၂၊ ၃၊ ၄ လို့ရေတွက်ပြီး နေပေးလို့ရပါတယ်။